
Savi (2024)
Language: Hindi
ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 မှာ ထွက်ရှိထားတဲ့ IMDb rating 6.5/10 ရရှိထားတဲ့ အိန္ဒိယ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
ဇာတ်ကားလေးထဲမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဆာဗီက ယောကျာ်းဖြစ်သူကို လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့အခါ သားဖြစ်သူ အာဗီနဲ့ ကူကယ်ရာမဲ့ဘဝမှာ ကျန်ရစ်နေခဲ့ရပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူငယ်ချင်းဖြစ်သူရဲ့အားပေးမှုကြောင့် သူကိုယ်တိုင် ထောင်ဖောက်ဖို့ စွန့်စားပြီး ယောကျာ်းဖြစ်သူကို လွတ်မြောက်ဖို့ နည်းလမ်းရှာပါတော့တယ်။ ဆာဗီတစ်ယောက် ထောင်ဖောက်ဖို့ နည်းလမ်းတွေရှာ စာအုပ်တွေ ဖတ်ရင်း သူကိုယ်တိုင် ထောင်ဖောက်လွတ်မြောက်လာတဲ့အကြောင်းရေးသားထားတဲ့ စာရေးဆရာ ဂျေပေါလ် ဆိုသူဆီကို ချဉ်းကပ်ပြီး အကူအညီ တောင်းခံဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလိုနဲ့ ဆာဗီရဲ့ အကြံအစည်တွေက အောင်မြင်လာမှာလား၊ သူမရဲ့ ယောကျာ်း နာကူးလ်ကရော တကယ် အပြစ်မဲ့နေခဲ့တာလား၊ တကယ့်လူသတ်တရားခံက နောက်ကွယ်မှာ ဘယ်သူဖြစ်နေမှာလဲ ဆိုတာကို အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
Review By ATHET
Translated By RMC Team
Encoded By N.A.S
240 total views , 1 views today
တိုက်ရိုက်ကြည့်လို့အဆင်ပြေအောင် လေးလုပ်ပေးပါ ..ကျေးဇူးတင်ပါတဘ်