
Chandu Champion (2024)
Language: Hindi
အိုလံပစ်ကာလကိုရောက်ရှိလာပြီဆိုတော့ အားလုံးအတွက်အကြိုက်တွေ့စေမဲ့ ဖြစ်ရပ်မှန် Sports / Biography ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်တော့မှအရှုံးမပေးတဲ့ အိုလံပစ်ကစားသမား စစ်သားဟောင်းကြီးတစ်ယောက်အကြောင်းပေါ့။
တစ်နေ့မှာတော့ အဘိုးကြီးတစ်ယောက်ဟာ သူ့ကိုအာဂျွန်နာဆုမပေးတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့သမ္မတတွေအားလုံးကို တရားစွဲချင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ တရားရုံးကိုရောက်ရှိလာခဲ့ပါတယ်။
အာဂျွန်နာဆုဟာ ထူးချွန်တဲ့အားကစားသမားဟောင်းတွေအတွက် ဂုဏ်ပြုချီးမြင့်တဲ့ဆုတစ်ခုဖြစ်ပြီး မူလီကာပတ်ကားဆိုတဲ့ ဒီအဘိုးကြီးမှာတော့ အစိုးရရဲ့မှတ်တမ်းထဲမှာ ဘာထူးချွန်မှတ်တမ်းမှရှိမနေတဲ့အတွက် ပယ်ချခံခဲ့ရပါတယ်။
ဒီလိုနဲ့ပဲ မှတ်တမ်းဟောင်းတွေထဲမှာတောင်ရှိမနေခဲ့တဲ့ ချန်ဒူးချန်ပီယံခေါ် အရှုံးသမားချန်ပီယံဟောင်းတစ်ယောက်ရဲ့ အတိတ်ပုံပြင်ကို ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။
IMDB rating 8.2 အထိရရှိထားတဲ့အပြင် အိုလံပစ်ကာလအတွင်းလည်းဖြစ်တာမို့ အတိုင်းထက်အလွန်ကို ကြည့်ဖို့သင့်တော်တဲ့ကားတစ်ကားပါပဲ။
Review and Translated By K
Encoded By N.A.S
320 total views , 1 views today