Megalopolis ( 2024)
ဒီတစ်ခေါက်တော့ ပုံမှန်ကြည့်ရှုနေကျဇာတ်လမ်းတွေနဲ့ လုံးဝကိုကွဲထွက်ပြီးတော့ ပရိတ်သတ်တွေအကုန်လုံးကို ရောမမြို့ကြီးကိုပါ တစ်ခါတည်းခေါ်ဆောင်သွားသလိုမျိုး ခံစားရမယ့် စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ သဘာဝလွန်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးထဲမှာတော့ ရောမမြို့ဟောင်းနဲ့ရောမမြို့သစ်ကြားကကွာခြားမှုတွေနဲ့ မြို့တော်က အာဏာပိုင်လူတန်းစားတွေကြားက အင်အားပြိုင်ဆိုင်မှုတွေကို အခြေခံပြီးရိုက်ကူးထားတာကိုတွေ့ရမှာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီဇာလို့ခေါ်တဲ့ မြို့နယ်ဒီဇိုင်းအာဏာပိုင်တစ်ယောက်က ရောမမြို့ဟောင်းကြီးကို လူသားတွေအားလုံးရဲ့ စိတ်ကူးယဉ်ထားတဲ့ မှော်ဆန်တဲ့မြို့ကြီးအဖြစ်ပြောင်းလဲပစ်ချင်တာပါ။ သူ့ရဲ့ရည်ရွယ်ချက်တွေအတွက် တစ်ဇွတ်ထိုးလုပ်ကိုင်နေတာကြောင့် မြို့တော်ရဲ့ မြို့တော်ဝန်က သူ့ကိုစည်းကျော်တယ်လို့သတ်မှတ်ပြီး သူတို့နှစ်ယောက်က အမြဲတမ်း အချေအတင်ဖြစ်နေကျပါပဲ။
ဒါပေမယ့် မြို့တော်ဝန်ရဲ့သမီးဖြစ်သူ ဂျူလီယာကတော့ အဖေဖြစ်သူနဲ့မတည့်တဲ့ ဆီဇာ့ကိုရန်ရှာရင်းနဲ့ ဆီဇာ့ရဲ့ရည်ရွယ်ချက်တွေကို နားလည်သွားပြီး ဆီဇာ့ဆီမှာ အလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ အဲ့လိုနဲ့ သူတို့နှစ်ယောက်အတူ သူတို့ရဲ့ရည်ရွယ်ချက်ကို ပိတ်ဆို့နေတဲ့အရာတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ၊ သူတို့မထင်မှတ်ထားတဲ့ ဘယ်လိုအနှောင့်အယှက်အတားအဆီးတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်နော်။
Review By YOON
Translated By Kyaw Zin, YOON
Encoded By N.A.S
Options | Quality | Server | Size | Clicks |
---|---|---|---|---|
Download | HD 1080p | StreamWish | 2.38GB | 4 |
Download | HD 720p | StreamWish | 1.18GB | 2 |
Download | HD 1080p | Telegram | 2.38GB | 4 |
Download | HD 720p | Telegram | 1.18GB | 3 |
Download | HD 1080p | RMC Server | 2.38GB | 4 |
Download | HD 720p | RMC Server | 1.18GB | 4 |
Download | HD 1080p | GDToT | 2.38GB | 3 |
Download | HD 720p | GDToT | 1.18GB | 5 |
Download | HD 1080p | Yoteshinportal | 2.38GB | 4 |
Download | HD 720p | Yoteshinportal | 1.18GB | 4 |