
Friendly Rivalry (2025)
အားလုံးစောင့်မျှော်နေကြတဲ့ ဟယ်ရီ့ရဲ့ GL ဇာတ်ကားသစ်လေးထွက်ရှိလာပါပြီ။ Trailer မှာတင် kiss sence ချပြထားတဲ့ ဒီ GL ဇာတ်ကားလေးက “Sunuiui Gyeongjaeng” ဆိုတဲ့ Webtoon ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Mystery, Thriller အမျိုးအစားဖြစ်တာမို့ ဘယ်လိုတွေ ဆွဲဆောင်ခေါ်ယူသွားမလဲဆိုတာ ရှုစားကြရတော့မှာပါ။
အူဆူးလ်ဂီက နယ်ဘက်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး ဆိုးလ်က ချယ်ဟွာမိန်းကလေးအထက်တန်းကျောင်းကို ကျောင်းပြောင်း ကျောင်းသူအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ချယ်ဟွာကျောင်းက တောင်ကိုးရီးယားရဲ့ အတော်ဆုံး ၁ % ကျောင်းသူတွေ ရှိတဲ့ ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်ပြီး တောသူလေးဖြစ်တဲ့ အူဆူးလ်ဂီက ဘယ်သူနဲ့မှ အကြောမတည့်နိုင်ဘဲ ဖြစ်နေခဲ့ချိန်မှာ ယူဂျယ်အီဆိုတဲ့ ကျောင်းသူလေး တစ်ယောက်က သူ့ဆီကို ချဉ်းကပ်လာခဲ့ပါတော့တယ်။
ယူဂျယ်အီက ကျောင်းမှာ အာဏာရှိသူ၊ လူသိများတဲ့သူဖြစ်ပြီး ဉာဏ်ရည်လည်းမြင့် ချမ်းသာတဲ့မိသားစုကလာတဲ့အပြင် မျက်နှာလေးကလည်း လှပသေးတာမို့ တခြားသူတွေ အားကျရတဲ့ဘဝမှာ နေထိုင်ရတဲ့သူပါ။ အဲဒီလိုကျောင်းသူမျိုးက အူဆူးလ်ဂီနဲ့ ရင်းနှီးလာခဲ့ပြီး သူတို့နှစ်ယောက်အကြား သူငယ်ချင်းဆက်ဆံရေးကနေ အန္တရာယ်များတဲ့ဆက်ဆံရေးတစ်ခုကို ပြောင်းလဲ သွားခဲ့ချိန်မှာတော့…
ယူဂျယ်အီကြောင့် ဆူးလ်ဂီရဲ့ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာလဲ၊ ယူဂျယ်အီကရော ဆူးလ်ဂီကို ဘာအကြောင်းကြောင့် ချဉ်းကပ်ခဲ့တာလဲ၊ ပြီးပြည့်စုံသူလို့ အများကသိထားကြတဲ့ ယူဂျယ်အီ့မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာနဲ့ ဆူးလ်ဂီကရော အဲဒီကျောင်းမှာ နောက်ဆုံးအထိ ဆက်ရှိသွားနိုင်မလားဆိုတာတွေကိုတော့ ပဟေဠိဆန်တဲ့ ဒီစီးရီးလေးထဲ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။
Review and Translated By Thu Thu
Encoded By N.A.S
Rainbow Channel
=============== The End ===============
531 total views , 1 views today