![The Roundup Collection [Ma Dong-seok]](https://rmcmm.org/wp-content/uploads/2024/10/photo_2024-10-29_21-24-50-185x278.jpg)
Because I Love You (2017)
❣️Because I Love You❣️ ဇာတ်လမ်းလေးကတော့ ရင်ထဲကိုထိမိစေတဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့Jin Yi-hyung (Cha Tae-hyun) ဆိုတဲ့ တေးရေးဆရာတစ်ယောက်က မတော်တဆမှုတစ်ခုကြောင့် တခြားလူတွေရဲ့ခန္ဓာကိုယ်ထဲ ဝင်နိုင်တဲ့ စွမ်းအားရှိလာပြီး အမျိုးမျိုးသော အချစ်ပြဿနာတွေနဲ့ တွေ့ကြုံနေရသူတွေကို ကူညီဖြေရှင်းပေးတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်။
Cha Tae-hyun က ဇာတ်ကောင်အမျိုးမျိုးကို သဘာဝကျကျ သရုပ်ဆောင်ပေးနိုင်တဲ့အပြင် ကြည့်ရှုသူတွေအတွက်လည်း ဟာသဇာတ်ဝင်ခန်းလေးတွေကိုပါ ရယ်မောဖွယ် ကြည့်ရှုခံစားရစေမှာဖြစ်ပါတယ်။
Kim Yoo-jung ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ငယ်ငယ်ကတည်းက အတွေ့အကြုံရှိသူပီပီ လုံးဝဟာကွက်မရှိဘဲ ဇာတ်လိုက်မင်းသားနဲ့ သူငယ်ချင်းအဖြစ် အပေးအယူမျှမျှ သရုပ်ဆောင်သွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါရိုက်တာ Joo Ji-hoong ရဲ့ ဇာတ်ကောင်တွေတစ်ယောက်ချင်းစီအပေါ် ဇာတ်လမ်းအကူးအပြောင်းကို အချိတ်အဆက်မိမိ ရိုက်ကူးတင်ဆက်ထားပါတယ်။ အချစ်ဆိုတာအမျိုးမျိုးအဓိပ္ပာယ်ဖွဲဆိုနိုင်ကြောင်းကို ကြည်နူးဖွယ် ဟာသစွက်ပြီး ရိုက်ကူးတင်ဆက်ထားတဲ့အေးအေးငြိမ့်ငြိမ့် အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ရအောင်လားရှင်။
Genre ….. Drama, Fantasy, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
Review ….. Verona
Translator ….. Verona
Encoder ….. N.A.S
Rainbow Channel