Ads
ads

Video Sources 1249 Views

  • Watch trailer
Holy Night: Demon Hunters

Holy Night: Demon Hunters

Beat up to the salvation.Apr. 30, 2025KR92 Min.NR
Your rating: 0
8 1 vote

Synopsis

Holy Night: Demon Hunters (2025)

မကောင်းဆိုးဝါးတွေက အမှန်တကယ်ရှိပြီး ကျွန်တော်တို့တွေကြားမှာပဲ ရှိနေတတ်ကြတယ်။ ဒီတစ်ခေါက်ကတော့ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ The First Night with Duke ထဲက မင်းသမီးလေး Seohyun နဲ့ လူသန်ကြီး Ma Dong Seok တို့ရဲ့ horror ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Holy Night ဆိုတဲ့ အဖွဲ့တစ်ဖွဲ့က မကောင်းဆိုးဝါးတွေကို လိုက်လံနှိမ်နင်းရင်း ထိတ်လန့်ကြောက်ရွံဖွယ်ရာတွေ ကြုံတွေ့ရပုံကို ရိုက်ပြထားတာပါတယ်။

ဆေးပညာအရပင် အဖြေမရှာနိုင်တဲ့ မကောင်းဆိုးဝါးတွေကို Holy Night အဖွဲ့သားတွေ ဖြစ်တဲ့ Ma Dong Seok , Seohyun, Kim Kun တို့က ဘယ်လိုတွေ နှိမ်နင်းကြမှာလဲ။ Ma Dong Seok ရဲ့ ထူးခြားတဲ့စွမ်းရည်ကတော့ ခွန်အားဖြစ်ပြီး Seohyun ကတော့ အပနှင်အခမ်းအနားတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်ပြီး နောက်ဆုံး Kim Kun ကတော့ သူတို့ရဲ့ တောက်တိုမယ်ရလေးဖြစ်ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဖာသာတစ်ယောက်ရဲ့ အကြံပေးမှုကြောင့် စိတ်ရောဂါကုဆရာဝန် Jung Won တစ်ယောက် ရောက်လာပြီး ညီမဖြစ်သူ Eun Seo ကို ကယ်တင်ပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ်။ မကောင်းဆိုးဝါးကတော့ Eun Seo ရဲ့ ကိုယ်ထဲမှ ဝင်ပူးနေခဲ့ပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေခဲ့ပါတယ်။ အတိတ်က ဖာသာမာကိုနဲ့ ဖြစ်ရပ်ကြောင့် မကူညီပေးချင်ခဲ့တဲ့ Ma Dong Seok က နောက်ဆုံးမှာတော့ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စုံစမ်းရာမှာ မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်နေတဲ့ အဖွဲ့အစည်းရဲ့ ဂိုဏ်းချုပ်က သူနဲ့အတူတူ မိဘမဲ့ဂေဟာမှာ အတူတူနေထိုင်ခဲ့တဲ့ Joseph (Lucifer) မှန်း သိသွားချိန်မှာတော့ ဘာတွေဆက်ဖြစ်မှာလဲ။ သူတို့တွေက တကယ်ပဲ အိပ်ရာဝင်ပုံပြင်တွေထဲကလို သူရဲကောင်းက လူဆိုးကို အမြဲတမ်းနှိမ်နင်းနိုင်သလိုမျိုး အောင်မြင်သွားကြမှာလား။ ကိုရီးယားရဲ့ ရိုးရာဓလေ့တွေဖြစ်တဲ့ နတ်ပွဲအခမ်းအနားတွေ ပါဝင်တဲ့အတွက် ကြက်သီးတဖြန်းဖြန်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

လူသားတွေက ကြောက်ရွံထိတ်လန့်မှုတွေ ကြုံရတဲ့အခါ စိတ်လုံခြုံရာအဖြစ် တစ်ယောက်ယောက်ကို မှီခိုတတ်ကြတယ်။ ဒါဆို မကောင်းဆိုးဝါးကို မှီခိုကိုးကွယ်တဲ့သူတွေက နောက်ဆုံးမှာ အလင်းရောင်ကို ရရှိသွားမှာလား ဆိုတာကို RMC Channel တွင် ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

Genre ….. Action, Fantasy, Horror
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
Review ….. Verona
Translator ….. Verona, Ame
Encoder ….. N.A.S

Rainbow Channel

ads
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Holy Night: Demon Hunters
Original title 거룩한 밤: 데몬 헌터스
IMDb Rating 4.8 1,479 votes
TMDb Rating 6.74 75 votes

Director

Lim Dae-hee
Director

Cast

ads

Similar titles

Aaryan
Emergency Declaration
Weekend in Taipei
Female Special Police Officer
Death Name
Merge
A.R.M
Night of the Reaper
One Battle After Another
The Orphans
Extraction
Kannappa

(1) comment

  • Thetwaiaung 16.08.2025 Reply

    Good

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On