
မိသားစုဒရမ်မာကားလေးတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် မင်းသား Jung Il-woo က Lee Ji Hyeok အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lee Ji Hyeok ကတော့ အလုပ်မှာရော အချစ်မှာပါ လိုလေသေးမရှိ ပြီးပြည့်စုံနေသူတစ်ယောက်ပါ။ သူက အနေအေးပေမဲ့ ဟာသဉာဏ်လည်း ရွှင်ပြီး သူ့အနီးနားက လူတွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနေသူတစ်ယောက်ပါ။ Lee Ji Hyeok တစ်ယောက် ဆွဲဆောင်မှုအပြည့်နဲ့ စွဲမက်ဖွယ်ရာကောင်းပေမဲ့လည်း သူ့ဘဝရဲ့ အနိမ့်ကျဆုံးအခြေအနေကို ကြုံတွေ့လိုက်ပြီးတဲ့နောက်မှာ ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ရှာတွေ့သွားခဲ့ပါတော့တယ်။ သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ ခေါင်းဆောင်မင်းသမီး Ji Eun O နဲ့ Park Seong Jae လိုလူမျိုးတွေက သူ့အနားမှာနေပြီး သူ့ကို အားပေးခဲ့ကြပါတယ်။
Ji Eun O ကတော့ အမြဲတမ်း တက်တက်ကြွကြွနဲ့ ဘဝကို ပျော်ပျော်နေတတ်သူတစ်ယောက်ပါ။ သူကတော့ ကော်ဖီဆိုင်မန်နေဂျာအပြင် အိမ်တွင်းအလှဆင်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အခက်ခဲဆုံးအချိန်မှာတောင် အိပ်မက်တွေကို လက်မလွှတ်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကျော်လွှားနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ Ji Eun O က Lee Ji Hyeok ကို တစ်ဖက်သတ်ကြိုက်ရာမှ ဖွင့်ပြောလိုက်တဲ့အခါ မင်းသားရဲ့ ငြင်းဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း Ji Eun O ကတော့ သူ့အချစ်တွေကို မပြောင်းလဲခဲ့ပါဘူး။
နောက်ထပ် ဇာတ်လိုက်မင်းသားတစ်ဦးဖြစ်သူ Park Seong Jae ကတော့ မင်းသားရဲ့ သူငယ်ချင်းဖြစ်သူ ဖြစ်ပြီး ရွှေဘုံစံဘဝမှာ မွေးဖွားလာသူမလို့ အစစအရာရာ လိုလေသေးမရှိတဲ့အပြင် တကယ့်ကို လူရည်သန့်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လောကကြီးဆိုတာ ဘယ်အရာမှ ပြီးပြည့်စုံရိုး ထုံးစံမရှိတဲ့အတွက် Park Seong Jae တစ်ယောက် ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ သူ့ရင်ထဲမှာတော့ အထီးကျန်မှုက ကိန်းအောင်းနေခဲ့ပါတယ်။ သူက သူငယ်ချင်းဖြစ်သူ Lee Ji Hyeok အပြင် သူ့မိသားစုတွေနဲ့ပါ ရင်းနှီးတဲ့သူတို့နှစ်ယောက် နောက်ဆုံး ဘာတွေ ဆက်ဖြစ်ကြဦးမှာလဲ..သူတို့သုံးဦးကြား သုံးပွင့်ဆိုင် အချစ်လမ်းခရီး ပေါ်ပေါက်လာပြီး ဘယ်လိုမျိုး ဇာတ်လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်လားရှင်…
Genre ….. Comedy, Drama, Family
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1GB
Review ….. Verona
Translator ….. Bom, Verona, Ame
Encoder ….. N.A.S
Rainbow Channel