
Typhoon Family (2025)
ခေတ်ဟောင်းကားလေးတွေကို ကြိုက်နှစ်သက်သူတွေအတွက် မင်းသားချော Lee Joon-Ho နဲ့ မင်းသမီး Kim Min-Ha တို ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကိုရီးယားနိုင်ငံရဲ့ စီးပွားပျက်ကပ်ဖြစ်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။
Kang Tae-Poong ရဲ့ အဖေဖြစ်သူက Typhoon Trading လိုခေါ်တဲ့ အသေးစားကုမ္ပဏီလေးတစ်ခုကို ဦးစီးနေတာ ဖြစ်ပါတယ်။ အဖေဖြစ်သူရဲ့ ချမ်းသာမှုကြောင့် Kang Tae-Poong က ဘဝကို မြင်းဖြူစီးမင်းသားလေးလို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့ ကိုရီးယားနိုင်ငံရဲ့ အဆိုးရွားဆုံး စီးပွားပျက်ကပ်ကြီးကြောင့် အရာအားလုံး ပြောင်းလဲခဲ့ရပါတော့တယ်။ ဒီလိုနဲ့တစ်နေ့စီးပွားပျက်ကပ်က သူ့အဖေ ကုမ္ပဏီကို ရိုက်ခံလာချိန်မှာတော့ Kang Tae-Poong ရဲ့ အဖေဖြစ်သူက ရောဂါခံစားရပြီး ကွယ်လွန်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း Kang Tae-Poong က သူ့အဖေ အသက်တမျှ ချစ်ခဲ့ရတဲ့ ကုမ္ပဏီကို ဒေဝါလီမခံရဖိုအတွက် အစွမ်းကုန် ကြိုးစားပါတော့တယ်။ Kang Tae-Poong က ကုမ္ပဏီရဲ့ ဥက္ကဌရာထူးကို လွှပြောင်းယူခဲ့ပြီး စီးပွားပျက်ကပ်ကြား ကုမ္ပဏီ မပြိုလဲသွားအောင် ဘယ်လိုတွေ ကြိုးစားမှာလဲ။ အတိတ်တုန်းက ဘဝကို ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့ပေမဲ့ တကယ်တော့ Kang Tae-Poong က စာနာစိတ်ရှိပြီး တာဝန်သိတတ်သူတစ်ယောက်ဖြစ်တဲ့အပြင် အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖို အသင့်ရှိနေတဲ့ လူငယ်လေး တစ်ဦးဖြစ်ပါတယ်။ သူ့မိသားစု ဝန်ထမ်းတွေနဲ့ ကုမ္ပဏီကို ကယ်တင်ဖို ကြိုးစားရာမှာ မင်းသမီး ဖြစ်သူ Oh Mi-Sun လည်း ပါဝင်လာပါတော့တယ်။
Oh Mi-Sun ကတော့ အကြီးဆုံးသမီး ဖြစ်ပြီး မိသားစုရဲ့ ဝန်ကို ထမ်းထားရတဲ့သူလည်း ဖြစ်ပါတယ်။ သူက Typhoon Trading ကုမ္ပဏီမှာ စာရင်းကိုင် အလုပ်အပြင် ခွက်ဆေး သန့်ရှင်းရေး ပြေစာတွေနဲ့ စာရင်းတွေကို စီမံရသူလည်း ဖြစ်ပါတယ်။ Kang Tae-Poong က ကုမ္ပဏီကို ကယ်တင်ဖို ကြိုးစားချိန်မှာတော့ Oh Mi-Sun လည်း သူ့ကို ကြည့်ရင်း မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာခဲ့ပါတယ်။ ဒီတော့ သူရဲ့ ရိုးသားမှုနဲ့ ကြိုးစားမှုကြောင့် နောက်ဆုံး သူ ဖြစ်ချင်တဲ့ Typhoon Trading ကုမ္ပဏီမှာ career woman ဖြစ်လာပါ့မလား။ Kang Tae-Poong ကရော သူ့အဖေ ကုမ္ပဏီကို ကယ်တင်နိုင်ပါ့မလား။ ယခုခေတ် ကြိုးစားနေတဲ့ လူငယ်လေးတွေအတွက် စိတ်ခွန်အားဖြစ်စေမဲ့ ဇာတ်ကားကောင်လေး ဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုဖို ဖိတ်ခေါ်လိုက်ပါရစေရှင်။
Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 600MB / 1.3GB
Episode ….. 16
Network ….. Netflix
Review ….. Verona
Translator ….. RMC Team
Encoder ….. N.A.S
Rainbow Channel
=============== The End ===============