Ads
ads

Video Sources 0 Views

  • Watch trailer
Your Host

Your Host

Oct. 09, 2025USA89 Min.NR
Your rating: 0
7 1 vote

Synopsis

Your Host (2025)

“ဂိမ်းကိုနိုင်ရင် လွတ်မယ်.. မဟုတ်ရင် သေရမယ်”

အပန်းဖြေ အနားယူဖို့ အိမ်တစ်လုံးကို ရောက်လာတဲ့ သူငယ်ချင်းလေးယောက်အတွက် အဲဒီညဟာ အသက်နဲ့ရင်းရမယ့် သွေးစွန်းတဲ့ ပြိုင်ပွဲတစ်ခုရဲ့ စင်မြင့် ဖြစ်သွားမယ်ဆိုတာ ကြိုမသိခဲ့ကြပါဘူး။

သူတို့ နိုးထလာတဲ့အခါ ခြေချင်းခတ်ခံထားရပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ “ဂိမ်းရှိုး” တစ်ခုရဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်နေကြပါပြီ။ သူတို့ရဲ့ Host (အစီအစဉ်မှူး) ကတော့ လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်ရှုပ်ထွေးနေတဲ့ လူသတ်သမားတစ်ယောက်ပါ။

အဲဒီလူသတ်သမားက အပျော်ကစားနေတာမဟုတ်သလို ငွေကြေးကြောင့် ကစားတာမျိုးလည်းမဟုတ်ပါဘူး။

ပြိုင်ပွဲဝင်လေးယောက်ထဲက တစ်ယောက်ယောက်နဲ့ သူရဲ့ လက်စားချေစရာ ပတ်သက်မှုတစ်ခု ရှိနေပါတယ်။ အဲဒီလူကို ဝန်ခံခိုင်းပါတယ်။ ဝန်ခံလိုက်ရင် ကျန်သုံးယောက်က လွတ်မြောက်မယ်။ ဒါပေမဲ့ ဘယ်သူကမှ ဝန်မခံတဲ့အခါ… ဂိမ်းတွေ စတင်ပါတော့တယ်။

တစ်ဦးနဲ့တစ်ဦး သစ္စာဖောက်ရမဲ့ ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်မဲ့ သတ်ပွဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပြည့်နေတဲ့ ထောင်ချောက်တွေထဲကနေ သူတို့ လွတ်မြောက်နိုင်မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။

“Saw” လိုမျိုး ဂိမ်းရှိုးပုံစံနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို အခြေခံတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားမျိုးရဲ့ ပရိသတ်တွေအတွက် အားရကျေနပ်စရာဖြစ်ပေမဲ့ အသည်းငယ်တတ်သူများအတွက်တော့ သွေးထွက်သံယိုနဲ့ စိတ်မသက်မသာဖြစ်စရာ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် မကြည့်ဖို့ပြောချင်ပါတယ်။

Genre ….. Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 794.78MB / 1.35GB
Review ….. LL
Translator ….. LL
Encoder ….. N.A.S

Rainbow Channel

ads
Your Host
Your Host
Your Host
Original title Your Host
IMDb Rating 4.8 1,076 votes
TMDb Rating 4.731 13 votes

ads

Similar titles

Anaconda: Blood Coil
Mother of Flies
Siccin 8
Primitive War
Sherlock Holmes Mare of the Night
The Demoness
Influencers
Night Carnage
Mudborn
Shambhala
Slanted
28 Years Later: The Bone Temple

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On