Ads
ads
Kiss

Kiss

Sep. 19, 2025143 Min.
Your rating: 0
7 1 vote

Synopsis

Kiss (2025)

နယ်လ်ဆန်ဆိုသူဟာ အချစ်ဆိုတဲ့အရာကို လုံးဝကိုစိတ်မဝင်စားသူ မချစ်တတ်သူတစ်ယောက်ပါ။ ကွာရှင်းလိုက်တဲ့မိဘတွေကြောင့် ပိုပြီးတော့ အချစ်နဲ့ဝေးနေသူတစ်ယောက်ပေါ့။ ဒီလိုဖြစ်ရတာကလည်း သူ့အတိတ်က ကျိန်စာမိနေတဲ့အတွက်ကြောင့်ပါပဲ။

နယ်လ်ဆန်ရဲ့အရင်ဘဝမှာ သူဟာ ကမ္ဘာကြီးကို အုပ်စိုးချင်တဲ့ ဘုရင်ကြီးဖြစ်ခဲ့ပြီးတော့ အချစ်ကြောင့်နဲ့ စစ်တိုက်ရာမှာ အင်အားနည်းသွားမှာကြောက်ပြီး အမျိုးသားတွေကို ချစ်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဒါကို ခိုးပြီးချစ်မိတဲ့စုံတွဲတစ်တွဲကို မိသွားတဲ့နောက်မှာ လူပုံအလယ် မီးရှိသတ်ပစ်ခဲ့ပါတယ်။

ဒီလို အသတ်ခံရတဲ့ စုံတွဲဟာ နာကျင်မှုတွေနဲ့အတူ အချစ်ကြောင့်နဲ့ ဒုက္ခရောက်ဖို ကျိန်စာတိုက်ခဲ့ရာကနေ နယ်လ်ဆန်ဆိုတဲ့ဘဝမှာလည်း အချစ်ဆိုတာကို သူနားမလည်နိုင်ဖြစ်ခဲ့ရတာပါပဲ။

ဒီလိုနဲ့တစ်နေ့မှာ ထူးဆန်းတဲ့ ဂျာနယ်စာအုပ်လေးတစ်အုပ် နယ်လ်ဆန်ရဲ့လက်ထဲကိုရောက်လာပြီးနောက်မှာ ထူးခြားမှုတွေ စတင်ခဲ့ပါတော့တယ်။ အဲဒီထူးခြားမှုကတော့ အတွဲတွေ နမ်းတာကိုမြင်တာနဲ့ အဲဒီစုံတွဲရဲ့ အနာဂတ်ကံကြမ္မာကို မြင်တွေ့နိုင်တဲ့စွမ်းအင်ရသွားတာပါပဲ။

သူမြင်ရတဲ့စုံတွဲတွေရဲ့ အနာဂတ်အများစုဟာလည်း ကွဲကွာသွားကြတာချည်းဆိုတော့ သူဟာ စုံတွဲတွေကို လိုက်လံခွဲဖို လုပ်ခဲ့ပါတော့တယ်။ သူများစုံတွဲတွေကို လိုက်ခွဲရင်းကနေ ဆာရာဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံတဲ့နောက်မှာတော့ နယ်လ်ဆန်ရဲ့ရင်တွေ လှုပ်ခတ်လိုလာခဲ့ပါတော့တယ်။

အချစ်ကို စိတ်မဝင်စားတဲ့နယ်လ်ဆန်တစ်ယောက် သူ့ရင်ကို လှုပ်ရှားအောင်လုပ်နိုင်တဲ့ကောင်မလေးနဲ့ ဆုံတွေ့တဲ့အခါမှာ ဘယ်လို ဇာတ်လမ်းတွေ ဖြစ်ပေါ်လာမလဲ …….
သူတိုနှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော ချိုမြိန်ပါ့မလား …….
အတိတ်က ကျိန်စာဆိုးကြီးကရော ရပ်တန့်သွားနိုင်ပါ့မလား …. ဆိုတာတွေကို မြင်တွေ့ရမဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဟာသဇာတ်ကွက်များစွာနဲ့ ရိုက်ကူးတင်ဆက်ပေးထားတဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။

Genre ….. Comedy, Drama, Fantasy, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.16GB / 2.33GB
Review ….. Elsa
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Kiss
Original title Kiss

Director

Director

Cast

ads

Similar titles

Param Sundari
Ghaati
Shakthi Thirumagan
War for the Planet of the Apes
မာနတို့အလွန်
DeAr
Apoy Sa Ibabaw, Apoy Sa Ilalim
Killer Artise
Zara Hatke Zara Bachke
Dracula: A Love Tale
Shark: The Beginning
STRAW

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On