
The Bengal Files Theatrical Cut (2025)
နာမည်ကြီး ရုပ်ရှင်ဖန်တီးသူ Vivek Agnihotri ရေးသားရိုက်ကူးထားတဲ့ နိုင်ငံရေးဒရာမာ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကတော့ “The Files Trilogy”ရဲ့ တတိယနဲ့ နောက်ဆုံးသော သမိုင်းဇာတ်ကားလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ ၁၉၄၆ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့မှာဖြစ်ခဲ့တဲ့ သမိုင်းဝင်အဖြစ်အပျက်ဖြစ်တဲ့ တိုက်ရိုက်လှုပ်ရှားရေးနေ့နဲ့ နိုအာခါလီအဓိကရုဏ်းအကြောင်းကို ဇာတ်လမ်းပုံစံ ပြန်လည်သရုပ်ဖော်တင်ဆက်ပေးထားတာဖြစ်ပါတယ်။
CBI အရာရှိဖြစ်တဲ့ ရှီဗာဟာ သတင်းထောက်တစ်ဦး ရုတ်တရက်ပျောက်ဆုံးသွားတဲ့အတွက် စုံစမ်းဖို အမိန့်ပေးခံလာရပြီးတော့ ဒီအမှုဟာလည်း နိုင်ငံရေးလောကထဲက အကောင်ကြီးကြီးတွေနဲ့ ပတ်သက်နေတဲ့အတွက် အထိခိုက်မခံနိုင်တဲ့အမှုမျိုးလည်းဖြစ်ပါတယ်။ ဒီအမှုအတွက် တစ်ဦးတည်းသော အဓိက တရားခံကတော့ တရားမျှတမှုကို လိုလားတယ်လို နာမည်ကြီးခဲ့တဲ့ ဘာရတီဆိုတဲ့အမျိုးသမီးပဲ ဖြစ်ပါတယ်။
ပျောက်သွားတဲ့ သတင်းထောက်မလေးဟာ ဘာရတီရဲ့အိမ်မှာ နောက်ဆုံးပျောက်ဆုံးသွားတာဖြစ်တဲ့အတွက် ဘာရတီတစ်ယောက် သံသယရှိသူဖြစ်လာခဲ့ပေမဲ့လည်း ဘာရတီဟာ အသက်အရွယ်ကြီးနေပြီဖြစ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ရောဂါလည်းရနေသူတစ်ယောက်ပါ။
သတင်းထောက်မလေး ပျောက်ဆုံးသွားတဲ့အမှုအတွက် မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ရောဂါရှိတဲ့ အဓိက သံသယရှိသူတစ်ယောက်နဲ့အတူ CBI အရာရှိ ရှီဗာတစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်စုံစမ်းသွားမလဲ …….
ဒီအမှုနဲ့ နိုင်ငံရေးလောက ဘယ်လိုမျိုး ချိတ်ဆက်နေလဲ ………
သမိုင်းဝင် အဓိကရုဏ်းဖြစ်တဲ့ နိုအာခါလီအဓိကရုဏ်းရဲ့ အဖြစ်အပျက်တွေကရော ဘယ်လိုတွေလဲ….
အရှေ့အိန္ဒိယ ဘင်္ဂလားဒေသရဲ့ လူမှုရေး နိုင်ငံရေး ရှုပ်ထွေးမှုတွေနဲ့ ဖိနှိပ်ခံဘဝတွေကို ရဲဝံ့ပြတ်သားစွာနဲ့ ဖော်ထုတ်တင်ပြထားပြီး နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါဝင်အားဖြည့်ရိုက်ကူးထားတဲ့ နိုင်ငံရေးဒရာမာကားကောင်းလေးဖြစ်ပါတယ်။
Genre ….. Drama, History, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.72GB / 3.28GB
Review ….. Elsa
Translator ….. RMC Team
Encoder ….. N.A.S
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 3.28GB | 18 | |
| HD 720p | TeraBox | 1.72GB | 11 | |
| FHD 1080p | Megaup | 3.28GB | 21 | |
| HD 720p | Megaup | 1.72GB | 35 | |
| FHD 1080p | Telegram | 3.28GB | 17 | |
| HD 720p | Telegram | 1.72GB | 23 | |
| FHD 1080p | Yoteshinportal | 3.28GB | 18 | |
| HD 720p | Yoteshinportal | 1.72GB | 31 |