
H_o-n-o-u_r (2-0-2-6)
Lawyer မမတွေရဲ့ Charisma ကြောင့်
သည်းထိတ်ရင်ဖို ရင်တလှပ်လှပ်နဲ့ကြည့်ရမဲ့ Mystery Thriller..
အတိတ်က အမှောင်ထုတွေ ပြန်လည်ရှင်သန်လာတဲ့အခါ…
ကိုယ့် “ဂုဏ်သိက္ခာ” ကို ဘယ်လိုကာကွယ်မလဲ..
ဒီဒရမ်မာထဲမှာတော့ ဆွီဒင်စီးရီး Heder ကို ကိုရီးယားရသနဲ့ ပြန်လည်ဆန်းသစ်ထားပြီး လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေအပေါ် ကျူးလွန်တတ်တဲ့ ရာဇဝတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ခိုင်မာတဲ့ သူငယ်ချင်းသံယောဇဉ်အကြောင်းကို အားကောင်းကောင်းနဲ့ ပုံဖော်ထားပါတယ်။ အထူးသဖြင့် တရားဥပဒေနဲ့ အမှန်တရားကြားက အားပြိုင်မှုကို နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းမဲ့ Mystery Thriller အမျိုးအစား Drama အသစ်စက်စက်လေးပါ။
ဇာတ်လမ်းကို ပဲ့ကိုင်ထားတဲ့ ဒါရိုက်တာကတော့ Dongjae, the Good or the Bastard နဲ့ နာမည်ကျော်တဲ့ Park Geon Ho ဖြစ်ပြီး၊ ဇာတ်ညွှန်းကိုတော့ Train ရဲ့ ရေးဖွဲ့သူ Park Ga Yeon က တာဝန်ယူထားပါတယ်။
Lee Na Young က Romance Is a Bonus Book ထဲက နူးညံ့တဲ့ မမပုံစံကနေ အခုတော့ Social Media မှာ Follower သိန်းချီရှိတဲ့ ‘Celeb Lawyer’ ယွန်းရာယောင်းအဖြစ် Transformation လုပ်ထားပါတယ်။
သူနဲ့အတူ Jeongnyeon: The Star Is Born ထဲမှာ ပရိသတ်တွေရဲ့အသည်းကို ယွန်းအို့ဂယောင်းဇာတ်ကောင်နဲ့ ဆွဲကိုင်လှုပ်ခဲ့သူ Jung Eun Chae က Law Firm ခေါင်းဆောင် ဂန်ရှင်းဂျယ်အဖြစ် ကျောက်ရုပ်လို တည်ငြိမ်တဲ့ Charisma အပြည့်နဲ့ ပါဝင်ထားသလို၊ Celebrity ထဲက အေးစက်စက်နဲ့ လှပတဲ့ Lee Chung Ah ကလည်း လက်တွေ့ကျကျ လှုပ်ရှားတတ်တဲ့ ရှေ့နေ ဟွမ်ဟျွန်းဂျင်အဖြစ် အားဖြည့်ထားပါတယ်။
ဇာတ်အိမ်ကတော့ တက္ကသိုလ်ကျောင်းသူဘဝကတည်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ အမျိုးသမီးရှေ့နေ သုံးယောက်အကြောင်းပါ။ သူတို့က L&J (Listen and Join) ဆိုတဲ့ အမျိုးသမီးနစ်နာသူတွေကို ကာကွယ်ပေးတဲ့ Law Firm တစ်ခုကို တည်ထောင်ထားကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က သူတို့ သုံးယောက်လုံး ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုက Scandal အနေနဲ့ ပြန်ပေါ်လာတဲ့အခါမှာတော့ သူတို့ရဲ့ ဘဝတွေကို အကြီးအကျယ် ရိုက်ခတ်ကုန်ပါတော့တယ်။
ရှေ့နေမမ သုံးယောက်ရဲ့ ညီညွတ်မှုနဲ့ အတိတ်က လျှို့ဝှက်ချက်တွေကြား ဘယ်လိုတိုက်ပွဲဝင်မလဲဆိုတာကို သိချင်ရင်တော့ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်း ၁၂ ပိုင်း ထွက်ရှိသွားမဲ့ ဒရမ်မာထဲမှာ လက်မလွတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော်။
Genre ….. Crime, Drama, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1000MB
Episode …… 12
Network …… ENA
Review ….. Bom
Translator ….. Bom, Verona, Lola
Encoder ….. N.A.S
Rainbow Channel