
I_P-L In-d_i-an Pe-n_a-l L_a-w (2-0-2-5)
IMDB ⭐️ 6.9/10
ဥပဒေ ကွန်ရက်ထဲက အမှန်တရား
ဒီဇာတ်ကားမှာ (Malayalam) ရုပ်ရှင်လောကရဲ့ ဝါရင့်မင်းသားကြီး Mammootty ရဲ့ တူဖြစ်သူ Maqbool Salmaan က အဓိကဦးဆောင်ပါဝင်ထားပါတယ်။
ဇာတ်လမ်းအစမှာ ကြီးမားတဲ့ ရာဇဝတ်မှုကြီးတစ်ခုဖြစ်ခဲ့ပြီးတော့ အဲဒီအမှုမှာ အပြစ်မရှိတဲ့ သူတစ်ယောက်က အာဏာရှင်တွေရဲ့ အကွက်ချစီစဉ်မှုကြောင့် တရားခံအဖြစ်နဲ့ စွပ်စွဲခံလိုက်ရပါတယ်။ တရားခံအဖြစ် အဖမ်းခံလိုက်ရသူဟာ ဥပဒေအကြောင်း နားမလည်တဲ့ သာမန်လူတစ်ယောက်ဖြစ်ပြီး သူ့ဘဝအမှောင်ကျလုနီးပါး ဖြစ်နေတဲ့အချိန်မှာပဲ ကယ်တင်ရှင် လူငယ် ရှေ့နေလေးတစ်ယောက် ပေါ်လာခဲ့ပါတယ်။
အဲဒီလူငယ်ရှေ့နေလေးဟာ သူ့အမှုကို လက်ခံလိုက်ပြီး သူ့ကို အမှုနဲ့ပတ်သက်ပြီး ကူညီပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း ဒီအမှုဟာ သာမန်အမှုမဟုတ်ဘဲ တရားရုံးမှာ တင်ပြရမဲ့ သက်သေတွေ ဖျောက်ဖျက်ခံထားရသလို တစ်ဖက်မှာလည်း ငွေကြေးနဲ့ အာဏာကို သုံးပြီးတော့ အမှုမှန်ကို အစွမ်းကုန် ဖုံးကွယ်ဖို့ ကြိုးစားနေပါတယ်။
ဥပဒေဆိုတာ ပိုက်ဆံရှိရင် ကစားလို့ရတဲ့ ကစားပွဲတစ်ခုလား ဆိုတဲ့ မေးခွန်းနဲ့အတူ လူငယ်ရှေ့နေလေးတစ်ယောက် သူယုံကြည်တဲ့အမှန်တရားအတွက် သူ့ဘဝကို ရင်းပြီး ဘယ်လိုတွေ တိုက်ပွဲဝင်သွားမလဲဆိုတာကို တရားရုံးအတွင်း အပြန်အလှန် အခြေအတင် စောဒကတက်ကြရင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
Genre ….. Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.15GB / 2.37GB
Review ….. Elsa
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel