
Mother’s Baby (2-0-2-5)
IMDB ⭐️ 6.4/10
အမေတစ်ယောက် စပြီးဖြစ်လာရတဲ့အချိန်မှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို thriller ဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂျူလီယာနဲ့ ဂျော့ဂ်ျတို့ ဇနီးမောင်နှံက ကလေးအရမ်းလိုချင်နေကြတဲ့အချိန်မှာ ခက်ခက်ခဲခဲကလေးတစ်ယောက်ရလာကြပါတယ်။ မွေးဖွားတဲ့ အချိန်မှာလဲ အခက်အခဲတွေရှိခဲ့ပြီး ကလေးနဲ့ တစ်ပတ်လောက်တွေ့ခွင့်မရခဲ့ကြပါဘူး။ တစ်ပတ်ပြည့်လို့ သူတို့ လက်ထဲ ကလေးက ပြန်ရောက်လာခဲ့ပေမဲ့ ဂျူလီယာစိတ်ထဲ သံသယတွေဝင်လာခဲ့ပါတယ်။ ကျန်းမာရေးမကောင်းလို့ မွေးမွေးပြီးချင် တွေ့ခွင့်မရခဲ့တဲ့ ကလေးက သူတို့လက်ထဲမှာ ကျန်းမာရေးအရမ်းကောင်းပြီး ကလေးက တခြားကလေးတွေလို မဟုတ်ဘဲ ထူးခြားနေတယ်လို့ မိခင်တစ်ယောက်အနေနဲ့ ခံစားမိလာရတဲ့အခါ ဂျူလီယာတစ်ယောက် အမှန်တရားကို သိရဖို့ ဘယ်လို ကြိုးစားဖော်ထုတ်သွားမလဲဆိုတာ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 796.61MB / 1.95GB
Review ….. ATHET
Translator ….. ATHET
Encoder ….. SNNT
Rainbow Channel