Ads
ads
ads
Sugar

Sugar

Jan. 21, 2026KR106 Min.NR
Your rating: 0
8 1 vote

Synopsis

Sugar (2-0-2-6)

IMDB ⭐️ 5.4/10

မျက်ရည်လည်းကျရမယ်.. အားလည်းရှိစေမဲ့ Sugar..

သားလေးအတွက်ဆို ကမ္ဘာကြီးတစ်ခုလုံးနဲ့ ယှဉ်တိုက်ရဲတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာတရားကြောင့် ကိုရီးယားရဲ့ တည်ဆဲဥပဒေတွေကို ပြုပြင်နိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေး..

ဒီလောကကြီးမှာ မိခင်မေတ္တာထက် ပိုကြီးမြတ်တာ တကယ်ပဲ ရှိနိုင်ပါဦးမလား..

တကယ်ကို နှလုံးသားကို ထိမိစေတဲ့ True Story human drama ကားကောင်းလေးတစ်ကားပါ။ အားလုံးသိကြတဲ့ မင်းသမီးကြီး Choi Ji-woo က ကင်မရာရှေ့ကို မိခင်မေတ္တာဖွဲ့ ဇာတ်ကားနဲ့ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ပရိသတ်တွေကို မျက်ရည်ချူဦးမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဒီကားဟာ Type 1 ဆီးချိုရောဂါ ခံစားနေရတဲ့ သားဖြစ်သူကို ကယ်တင်ဖို့အတွက် စနစ်ဟောင်းတွေနဲ့ ဥပဒေဘောင်တွေကို ရဲရဲဝံ့ဝံ့ စိန်ခေါ်ခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။

ဒီကားရဲ့ ကျောရိုးကတော့ ဝါရင့်မင်းသမီးကြီး Choi Ji-woo ပါပဲ။ သူဟာ သားဖြစ်သူအတွက် တိုက်ပွဲဝင်တဲ့ မိခင် “မီရာ” အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ်။ သူနဲ့အတူ Min Jin-woong ကလည်း အားဖြည့်ပေးထားပြီး ကလေးသရုပ်ဆောင် Go Dong-ha ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကြည့်ရှုသူတွေကို အသည်းယား စိတ်မကောင်းဖြစ်အောင် ဖမ်းစားနိုင်ပါတယ်။ ဒါရိုက်တာ Choi Sin-choon ကလည်း ဒီဖြစ်ရပ်မှန်ကို ပရိသတ်တွေဆီ ရိုးရှင်းပြီး ရင်နင့်စရာကောင်းအောင် ပုံဖော်ပေးထားပါတယ်။

ဇာတ်လမ်းက သားလေးမှာ ကုသရခက်ခဲတဲ့ ရောဂါရှိနေတာကို သိလိုက်ရတဲ့အချိန်ကနေ စတင်ပါတယ်။ သားဖြစ်သူရဲ့ အသက်ကို ကယ်ဖို့အတွက် ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခုကို ကိုယ်တိုင်ဖန်တီးဖို့ ကြိုးစားရင်း Indifferent ဖြစ်နေတဲ့ လူမှုစနစ်တွေ၊ တင်းကျပ်လွန်းတဲ့ စည်းမျဉ်းတွေကို သူ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ မိခင်တစ်ယောက်ရဲ့ အကြောက်တရားကနေ ပြင်းထန်တဲ့ သန္နိဋ္ဌာန်အဖြစ် ‘Mom Power’ ပြပြီး ပြောင်းလဲသွားပုံကို Aesthetic ဆန်ဆန်နဲ့ စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။

မိသားစုတိုင်း ကြည့်သင့်တဲ့ ကားလေးဖြစ်သလို ကိုယ့်ရဲ့ ချစ်ရသူတွေအတွက် ဘယ်လောက်ထိ ကြိုးစားပေးနိုင်မလဲဆိုတာကို ပြန်လည်ဆင်ခြင်မိစေမဲ့ ဇာတ်ကားလေးပါ။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာမို့ ပိုပြီးတော့လည်း ရင်ဘတ်ထဲ ထိရှရပါတယ်။ ဘဝရဲ့ အခါးဓာတ်တွေကို အချိုဓာတ်နဲ့ အစားထိုးမဲ့ မိခင်တစ်ယောက်ရဲ့ အားမာန်ကို ခံစားကြည့်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်။

Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 888.2MB / 1.72GB
Review ….. Bom
Translator ….. Bom
Encoder ….. N.A.S

Rainbow Channel

ads
Sugar
Original title 슈가
IMDb Rating 4.9 7 votes
TMDb Rating 6 1 votes

Director

Cast

Ko Dong-ha isDong-myeong
Dong-myeong
Kim Sun-young isInvestigator
Investigator

ads

Similar titles

The Last Rodeo
Wanted
Christy
Trinil
Hotspot 2 Much
The Substance
Muzzle: City of Wolves
Titanic
Junction
Midway
Happy Ending
Emmanuelle

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On