
M_a-r-d_a-a-n_i 3 (2-0-2-6)
IMDB ⭐️ 7.4/10
“အချိန်နဲ့အမျှ အသက်လုရမဲ့ပွဲ… နောက်ကောက်ကျကျန်ခဲ့ရင် စတေးရမှာကအသက်တစ်ချောင်း..”
Action/Crime မှုခင်းဇာတ်ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ်ကနေ အပူတပြင်း ထွက်ရှိလာတဲ့ Mardaani စီးရီးရဲ့ တတိယမြောက် ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။
ရှေ့ကထွက်ခဲ့တဲ့ Mardaani 1 နဲ့ 2 တုန်းက လူကုန်ကူးသူတွေ၊ ရက်စက်တဲ့ ကွင်းဆက်လူသတ်သမားတွေကို မညှာမတာ နှိမ်နင်းခဲ့တဲ့ ခပ်ကြမ်းကြမ်း ရဲအရာရှိမမကြီး Shivani Shivaji Roy ကို အားလုံးပဲ မှတ်မိကြဦးမှာပါ။
အခု Mardaani 3 မှာတော့ မမကြီး Shivani တစ်ယောက် ပိုမိုရှုပ်ထွေးပြီး အန္တရာယ်ကြီးမားတဲ့ မှုခင်းကွန်ရက်ကြီးတစ်ခုနဲ့ ထပ်မံ ထိပ်တိုက်တွေ့လာရပြန်ပါပြီ။
ဒီတစ်ခါမှာတော့ Shivani ရင်ဆိုင်ရမှာက နှစ်ဆယ်ချီ မြေအောက်လောကမှာ လှုပ်ရှားနေတဲ့ သူတောင်းစားဂိုဏ်းရဲ့ခေါင်းဆောင် အမေကြီးဆိုတဲ့သူ
ဒီအမေကြီးဆိုတဲ့သူ သူတောင်းစားဂိုဏ်းကို ကာဗာယူပြီး ဘိန်းရောင်း လူကုန်ကူး မကောင်းတာမှန်သမျှ လုပ်နေတဲ့သူဖြစ်ပြီး အကွက်ချတဲ့နေရာမှာ သူမတူအောင် ကျွမ်းကျင်တဲ့သူ
ထုံးစံအတိုင်း ဒီကားမှာ ဘောလိဝုဒ်ရဲ့ နာမည်ကျော် ဝါရင့်မင်းသမီးကြီး Rani Mukerji ကပဲ ရာဇဝတ်သားတွေနဲ့ဆို သွေးအေးရက်စက်တတ်တဲ့ ရဲမေ မမကြီး Shivani အဖြစ် သူများနဲ့မတူတဲ့ အက်ရှင်ကွက်တွေနဲ့ ဆက်လက် ပါဝင်အားဖြည့်ထားပြီး၊ ဒါရိုက်တာ Abhiraj Minawala က အကောင်းဆုံး ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
IMDb rating 7.4/10 အထိ ရရှိထားတဲ့အပြင် အက်ရှင်ကြမ်းကြမ်း၊ ဇာတ်လမ်းမိုက်မိုက်နဲ့ မှုခင်း Thriller ကားတွေကိုမှ သဘောကျတဲ့ ဘော်ဒါတွေအတွက်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်လို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
Genre ….. Action, Crime, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 955.34MB / 1.86GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel