
R_e-a_d-y o_r N-o_t 2 : H_e-r_e I C-o_m-e (2-0-2-6)
IMDB ⭐️ 8.1/10
“လင်ယူမှားခဲ့ရင်တောင် ဒူးနဲ့မျက်ရည်သုတ်ရယုံဘဲဆိုပြီး ကောက်ယူချလိုက်မှ လူ့မုဆိုးတွေကြား အသက်လုပြေးရတော့တာပဲ”
ကဲ… Horror/Comedy အကြမ်းစားတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ရဲ့ အမိုက်ဆုံး သွေးသံရဲရဲ ဇာတ်ကားသစ်ကြီး ရောက်ရှိလိုလာပါပြီ။
ပထမကား (၂၀၁၉) တုန်းက မင်္ဂလာဦးညမှာ ဟန်းနီးမွန်းမထွက်ရဘဲ ယောက္ခမဆွေမျိုးတစ်သိုက်နဲ့ တူတူပုန်းတမ်း ကစားခဲ့ရတဲ့ သတို့သမီးလေး ဂရေ့စ်ကို အားလုံးပဲ မှတ်မိကြဦးမှာပါ။
နောက်ဆုံးမှာ မကောင်းဆိုးဝါးနဲ့ ပဋိညာဉ်ဖောက်ဖျက်မိတဲ့ ယောက္ခမတစ်ဆွေလုံး သွေးသံရဲရဲနဲ့ ပေါက်ကွဲထွက်သွားတာကို အေးအေးဆေးဆေး ဆေးလိပ်လေးဖွာပြီး ရဲတွေလာတဲ့အခါ “In-laws…” ဆိုတဲ့ ခပ်မိုက်မိုက် စကားတစ်ခွန်းတည်းနဲ့ အဆုံးသတ်ခဲ့တဲ့ အလန်းစား ဇာတ်သိမ်းလေးနဲ့တင် ဒီကားက Horror ဖန်တွေကြားမှာ Masterpiece တစ်ခုဖြစ်ခဲ့တာပေါ့။
အခု ဒုတိယပိုင်းမှာတော့ ဆေးလိပ်တောင် ဆုံးအောင်မဖွာလိုက်ရသေးပါဘူး… ဇာတ်လမ်းကပြန်စပြန်ပါပြီ။ ဒီဇာတ်လမ်းကတော့ ပထမဇာတ်ကားရဲ့အဆုံးသတ် လဒိုးမက်စ် မိသားစုရဲ့ ငရဲခန်းအိမ်ကြီးထဲကနေ ထွက်လာပြီးပြီးချင်း အချိန်ကနေပဲ ဆက်သွားတာပါ။
ငရဲခန်းအိမ်ကနေ လွတ်ပြီလို ထင်ထားတဲ့ ဂရေ့စ်တစ်ယောက် အပြင်ရောက်တော့မှ ပိုကြီးတဲ့ သေမင်းတမန်ကစားပွဲကြီးဆီ ထပ်ရောက်သွားပါတော့တယ်။
ပြဿနာက ဒီကမ္ဘာကြီးမှာ မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ထားတဲ့ မိသားစုက သူတိုတစ်စုတည်း မဟုတ်နေတာပါပဲ။
ဂရေ့စ်ဟာ သူ့ရဲ့ သွေးကွဲနေတဲ့ ညီမအရင်းဖြစ်သူ ဖိတ်နဲ့ ပြန်လည်ဆုံတွေ့ပြီးချိန်မှာတော့…
ကမ္ဘာကြီးကို နောက်ကွယ်ကနေ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အထက်တန်းလွှာ “မိသားစုကြီး (၄) စု” က အမြင့်ဆုံးနေရာကို လုဖိုအတွက် ဂရေ့စ်တို ညီအစ်မနှစ်ယောက်ကို အမဲလိုက်ကြပါတော့တယ်။
ဒီတစ်ခါက အိမ်တွင်းပုန်းတမ်း မဟုတ်တော့ဘဲ ရှင်ကျန်ရစ်သူက အရာအားလုံးကို ပိုင်ဆိုင်မဲ့ သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုတဲ့ Death Game ကြီးဖြစ်နေတဲ့အခါ…
အသားလွတ်ကြီး သားကောင်ဖြစ်ရပြန်တဲ့ ၇ နှစ်တိတိ စကားမပြော အကြောမတည့်ကြတဲ့ ဂရေ့စ်နဲ့ သူ့ညီမဖိတ်တို့ အရေးကြီးတဲ့အခါ သွေးစည်းပြီး လူ့မိစ္ဆာ လောဘသားကောင်တွေကို ဘယ်လို ပြန်ဖြုတ်ကြမလဲဆိုတာကတော့ ….
Genre ….. Comedy, Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 829.87MBMB / 2.27GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel