Ads
ads

Video Sources 0 Views

  • Watch trailer
Janur Ireng

Janur Ireng

Dec. 24, 2025Indonesia94 Min.NR
Your rating: 0
5 1 vote

Synopsis

Janur Ireng (2-0-2-5)

IMDb ⭐️ 7.1/10

“အောက်လမ်းပညာဆိုတာ အစပြုဖို့လွယ်ပေမဲ့… အဆုံးသတ်ဖို့ကျတော့ အသက်နဲ့ရင်းရတယ်”

အင်ဒိုဟော်ရာကား ကြမ်းကြမ်းရမ်းရမ်းတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် Box Office Hit ဖြစ်ခဲ့တဲ့ အင်ဒိုသရဲကား “Sewu Dino” ရဲ့ Prequel (အကြိုဇာတ်လမ်း) လေး ထွက်ရှိလို့လာပါပြီခင်ဗျာ။

Sewu Dino (ရက် ၁၀၀၀ ကျိန်စာ) ကားတုန်းက ငွေလိုချင်လွန်းလို့ အောက်လမ်းပညာနဲ့ အတိုက်ခံထားရတဲ့ ကောင်မလေးကို သွားပြုစုရင်း အသက်လုပြေးခဲ့ရတဲ့ သွေးပျက်စရာ ဇာတ်လမ်းကို မှတ်မိကြဦးမှာပါ။

အဲဒီတုန်းက ကောင်မလေးကို ဒုက္ခပေးခဲ့တဲ့ အောက်လမ်းပညာတွေ၊ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေက ဘယ်လိုစတင်ခဲ့သလဲဆိုတဲ့ အဖြေတွေက အခု Janur Ireng မှာ ပေါ်လာတော့မှာပါ။

ဇာတ်လမ်းအစမှာ ဆပ်ဒိုနဲ့ အင်တန် ဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ ကွန်ကိုရိုဆိုတဲ့ မိသားစုရဲ့ ကြီးမားခမ်းနားတဲ့ အိမ်ကြီးဆီကို ခေါ်ဆောင်ခံရပါတယ်။ ချမ်းသာကြွယ်ဝမှုတွေ ပေးမယ်လို့ ကတိပေးထားပေမဲ့… တကယ်တမ်းမှာတော့ ဒါဟာ သူတို့နှစ်ယောက်အတွက် အိပ်မက်ဆိုးကြီးတစ်ခုရဲ့ အစပျိုးမှုဆိုတာ မသိခဲ့ကြပါဘူး။

ဒီအိမ်ကြီးရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တွေ ရှိနေပြီး၊ သူတို့ကို စတေးခံအဖြစ် အသုံးချဖို့ ကြံစည်နေကြတဲ့အခါ… ဒီငရဲခန်းကနေ သူတို့နှစ်ယောက် လွတ်မြောက်ဖို့ဆိုရင် ဂျာဗားကျွန်းရဲ့ အပြင်းထန်ဆုံးနဲ့ အသေအပျောက်အများဆုံး အောက်လမ်းပညာရပ်ဖြစ်တဲ့ “Janur Ireng” (အနက်ရောင်အုန်းလက်) ကိုပဲ အားကိုးရတော့မယ့် အခြေအနေဖြစ်လာတဲ့အခါ….

ဒီကားမှာ အင်ဒိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tora Sudiro နဲ့ မင်းသမီးချောလေး Nyimas Ratu Rafa တို့ အပြင် တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်ကွက်ပိုင်းမှာ Pacing နည်းနည်းမြန်ပြီး လိုအပ်ချက်လေးတွေရှိတယ်လို့ ဝေဖန်မှုတချို့ရှိပေမဲ့ ရိုးရာအောက်လမ်းပညာ Vibe တွေနဲ့ Jump Scare တွေကို အချိုးကျကျ ရောစပ်ထားလို့ ညဘက်တစ်ယောက်တည်း ကြည့်ရင် ကျောချမ်းစရာကောင်းနေမှာ အသေအချာပါပဲ။

Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 657.01MB / 1.65GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT

Rainbow Channel

ads
Janur Ireng
Original title Janur Ireng: Sewu Dino the Prequel
IMDb Rating 7.2 98 votes
TMDb Rating 5.7 3 votes

ads

Similar titles

Sihir Pelakor
Herman
Sweetness
Bloody Daddy
Our Dead Husband
Yodha
Murderer Report
Mortal Game
Exit 8
The Stranger in My Home
Sikandar
Penjagal Iblis: Dosa Turunan

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On