Ads
ads
Madhuvidhu

Madhuvidhu

Apr. 23, 2026India125 Min.NR
Your rating: 0
8 1 vote

Synopsis

Madhuvidhu (2026) Malayalam

IMDB ⭐️ 7.1/10

ကဲ… Rom-Com ကားကောင်းလေးတွေမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အူတက်အောင် ရယ်ရပြီး ကြည်နူးစရာကောင်းတဲ့ မလေယာလမ်မိသားစု ဟာသအချစ်ဇာတ်ကားသစ်လေးကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။

ဒီဇာတ်ကားလေးထဲမှာတော့ အချစ်တော် Sharaf U Dheen နဲ့ Kalyani Panicker တို့ ခေါင်းဆောင်ပါဝင်ထားပြီး ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Jagadish, Saikumar နဲ့ Azees Nedumangad တို့ကလည်း အားဖြည့်ပေးထားပါတယ်။

ဇာတ်လမ်းကတော့ အန်ဂျီလာမူသူဆိုတဲ့ မိသားစုလေးမှာ အစပြုထားပါတယ်။ ဒီအိမ်ကြီးရဲ့ ထူးခြားချက်က အိမ်မှာ အမျိုးသမီးဆိုလို့ တစ်ယောက်မှ မရှိဘဲ ယောက်ျားကြီး ၅ ယောက်တည်း စုပေါင်းနေထိုင်ကြတာပါပဲ။ ဘယ်လောက်ထိလဲဆို အိမ်မှာ နှစ်ယောက်အိပ်ကုတင်တောင် မရှိပါဘူးတဲ့

ဇာတ်လိုက်ကျော် အမ်မူတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ပြုချင်လာတဲ့အခါ ပြဿနာက စပါတော့တယ်။ အိမ်မှာ ယောက္ခမ၊ ယောက်မ ဆိုတဲ့ အမျိုးသမီးအဖော် တစ်ယောက်မှ မရှိတဲ့ ယောက်ျားသီးသန့်အိမ်ကြီးကို ဘယ်မိဘကမှ သူတို့သမီးကို မထည့်ပေးရဲကြပါဘူး။ ပိုဆိုးတာက အဲဒီအိမ်ကြီးမှာ မိန်းမတွေနေရင် ပြဿနာတက်တယ် မြွေကျိန်စာသင့်နေလို့ဆိုတဲ့ အခြေအမြစ်မရှိတဲ့ သတင်းကပါ ထွက်နေပြန်သတဲ့။

ဒီလိုနဲ့ အမ်မူရဲ့ အိမ်ထောင်ရေးကိစ္စဟာ ဆက်တိုက်ဆိုသလို အလွဲလွဲအချော်ချော်တွေ ဖြစ်ပြီး သတို့သမီးလောင်းတွေနဲ့ လွဲနေခဲ့ရတာပေါ့။

ဒါပေမဲ့ “ဖူးစာပါရင် ရှောင်လွှဲလို့မရဘူး” ဆိုတဲ့အတိုင်း တစ်နေ့မှာတော့ သူ့ဘဝထဲကို ကောင်မလေးတစ်ယောက် ရောက်လာတဲ့အခါ…

ယောက်ျားကြီး ၅ ယောက်တည်းရှိတဲ့ အိမ်ကြီးထဲကို သတို့သမီးလောင်းလေး ရောက်လာတဲ့အခါ ဘယ်လို ဗရုတ်သုတ်ခတွေ ဆက်ဖြစ်ကြမလဲ။ မိန်းမဆိုလို့ အရိပ်တောင်မမြင်ဖူးတဲ့ အိမ်ကလူကြီးတွေနဲ့ ချွေးမလောင်းလေးတို့ကြား ဘယ်လိုတွေ တလွဲတချော် Drama တွေ ခင်းကြမလဲ။

Malayalam ကားတွေရဲ့ ထုံးစံအတိုင်း ရိုးရှင်းတဲ့ မိသားစုဇာတ်လမ်းလေးကို ဟာသအလွဲလေးတွေ၊ အချစ်ရေးလေးတွေနဲ့ သဘာဝကျကျ သေသေသပ်သပ် ရိုက်ပြထားတာမို့ ပိတ်ရက်မှာ စိတ်အပန်းဖြေရင်း Feel good vibe လေး ရချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါပဲ။

Genre ….. Comdey, Drama, Family
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.1GB / 2.35GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray

Rainbow Channel

Original title മധുവിധു
IMDb Rating 7.1 1,174 votes
TMDb Rating 7 1 votes

ads

Similar titles

Smothered
Dirty Money
Fuze
Bandook
From the Ashes: The Pit
Sundarakanda
Asthram
Swag
Mirage
Arouse
Laalo: Krishna Sada Sahaayate
Forbidden Fruits

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On