
Mermaid (2026)
” အထီးကျန်လူသားနဲ့ ရေသူမ “
IMDb ⭐️5.4/10
ဒေါ့ဆိုတာ ဘဝပျက်နေတဲ့ လူဆင်းရဲတစ်ယောက်ပါ။ သူက မူးယစ်ဆေးဝါးစွဲနေသူဖြစ်ပြီး ဇနီးဖြစ်သူနဲ့လည်း ကွာရှင်းထားသလို သမီးလေးနဲ့လည်း အဆင်မပြေပါဘူး။ ဒါ့အပြင် သူအလုပ်လုပ်နေတဲ့ကလပ်က ငါးကန်မှာ ငါးစာကျွေးရတဲ့ အလုပ်ကနေလည်း အထုတ်ခံလိုက်ရပြီး မူးယစ်ဆေးရောင်းတဲ့လူမိုက်တွေဆီမှာလည်း အကြွေးတွေတင်နေပါတော့တယ်။
အရာရာ ဆုံးရှုံးပြီး စိတ်ဓာတ်အောက်ဆုံးကျနေတဲ့ ဒေါ့ဟာ သူ့ရဲ့လှေလေးကိုယူပြီး ပင်လယ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ပင်လယ်ထဲမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့ ရေသူမတစ်ကောင်ကို မထင်မှတ်ဘဲ တွေ့လိုက်ရတာနဲ့ ရေသတ္တဝါတွေကို ချစ်တတ်တဲ့ဒေါ့က အဲဒီရေသူမကို အိမ်အထိခေါ်ချလာပါတော့တယ်။ အထီးကျန်နေတဲ့ ဒေါ့နဲ့ ဒီရေသူမကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ.. ဒဏ္ဍာရီတွေထဲကလို ထူးခြားဆန်းကြယ်တဲ့ အချစ်ပုံပြင်တစ်ပုဒ်ဖြစ်ပေါ်လာမှာလား.. ကြမ်းတမ်းရက်စက်တဲ့ သားရိုင်းဗီဇကြောင့် ဒေါ့တစ်ယောက် ဒုက္ခရောက်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။
Genre ….. Comedy, Drama, Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 857.38MB / 1.76GB
Review ….. LL
Translator ….. LL
Encoder ….. SNNT
Rainbow Channel