Ads
ads

Video Sources 0 Views

  • Watch trailer
Saccharine

Saccharine

What's eating you?May. 22, 2026Australia113 Min.R
Your rating: 0
7 1 vote

Synopsis

Saccharine (2-0-2-6)
===============

IMDB ⭐ 6/10

“ပိန်ချင်လွန်းတဲ့ ဆန္ဒက… မတွေးဝံ့စရာ အကျိုးဆက်တွေကို ခေါ်ဆောင်လာတဲ့အခါ…”

Body Horror နဲ့ Sci-Fi ကိုမှ ရောမွှေထားပြီး ပုံစံအဆန်းလေး ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် အခုမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

အခုတစ်ခါဇာတ်ကားလေးကတော့ လူသားစားတာ ရိုးအီနေလို့ လူအရိုးကိုက်မဲ့ဇာတ်ကားလေးပါ။

ဟန်နာဆိုတာ အချစ်ရေးမှာ ကံမကောင်းခဲ့ရှာတဲ့ ဆေးကျောင်းသူလေးတစ်ယောက်ပါ။ ဆေးကျောင်းသူဘဝဆိုတာ စာတွေနဲ့တင် အတော်လေး စိတ်ဖိစီးမှုများရတဲ့အထဲ အချစ်ရေးကပါ ကမောက်ကမဖြစ်နေတော့ သူ့ခမျာ စိတ်ထွက်ပေါက်တစ်ခုကို အသည်းအသန် ရှာဖွေနေခဲ့တာပေါ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဟန်နာတစ်ယောက် မြန်မြန်ဆန်ဆန် ပိန်ကျသွားစေမယ့် ထူးဆန်းတဲ့ weight loss trend တစ်ခုနောက်ကို လိုက်မိရာကနေ ဇာတ်လမ်းစပါတော့တယ်။

ပြဿနာက အဲဒီ ဝိတ်ချတဲ့နည်းလမ်းက သာမန် Gym သွားတာ၊ Diet လုပ်တာမဟုတ်ဘဲ… “လူသေရဲ့ အရိုးပြာတွေကို စားရတဲ့” အလွန်ခြောက်ခြားစရာကောင်းတဲ့ နည်းလမ်းဖြစ်နေတာပါပဲ။

ပိန်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဒီလိုမလုပ်သင့်တဲ့အလုပ်ကို လုပ်မိပြီးတဲ့နောက်မှာတော့… ဟန်နာ့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်မှာ မကောင်းဆိုးဝါး အင်အားစုတစ်ခုက စတင်ခြိမ်းခြောက်လာပါတော့တယ်။

လူသေအရိုးပြာစားပြီး ဝိတ်ချတဲ့ ဆေးကျောင်းသူလေး ဟန်နာတစ်ယောက် သူ့ရဲ့ မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်အတွက် ဘယ်လိုအကျိုးဆက်တွေ ပေးဆပ်ရမလဲ… သူ့နောက်ကို လိုက်နေတဲ့ အရာကြီးကရော ဘာလဲဆိုတာကို ကျောချမ်းစရာ Body Horror အငွေ့အသက်တွေနဲ့ ရင်တမမ ကြည့်ရှုရမှာပါ။

ရိုးရိုးသရဲကားတွေ ရိုးအီနေပြီး Concept အဆန်းလေးတွေ ကြိုက်တတ်တဲ့ Horror ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားသစ်လေးမို့လို့ အခုပဲ ရှုစားလိုက်ကြပါဦးခင်ဗျာ။

Genre ….. Horror
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 897.32MB / 1.78GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT

Rainbow Channel

Saccharine
Saccharine
Saccharine
Saccharine
Saccharine
Saccharine
Saccharine
Saccharine
Saccharine
Saccharine
Original title Saccharine
IMDb Rating 6.2 569 votes
TMDb Rating 6.3 21 votes

ads

Similar titles

Sorop
Raptor Attack
The Healing
The Bayou
Ailao Mountain Incident 
Clown in a Cornfield
Frankenstein
Poison Sangga: The Homewrecker’s Curse
Monster Island
A Knight’s War
28 Years Later
Sihir Pelakor

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On