
The Husband (2026)
==============
အသည်းကြီး Namkoong Min ရဲ့ Action Thriller စီးရီးအသစ်..
ကွာရှင်းခါနီးမှ ဇနီးဖြစ်သူ ပြန်ပေးဆွဲခံရပြီး လူသတ်မှုသံသယတရားခံအဖြစ်ပါ စွပ်စွဲခံလိုက်ရတဲ့အခါ..
ကိုယ့်ဇနီးကို ကယ်တင်ဖို့အတွက် ဥပဒေပြင်ပကနေ ရုန်းကန်လှုပ်ရှားရမဲ့ ယောက်ျားတစ်ယောက်ရဲ့ စိတ်လှုပ်ရှားစရာ ကမ္ဘာဆီ အတူတူ လှမ်းဝင်ကြည့်လိုက်ရအောင်..
အမုန်းနဲ့အချစ်ကြားမှာ လွန်ဆွဲနေတဲ့ လင်မယားနှစ်ဦးရဲ့ အသက်လုပြေးလွှားရမှုကို အခြေခံထားပြီး “The End of Marriage is Only the Beginning” ဆိုတဲ့အတိုင်း အိမ်ထောင်ရေးတစ်ခုရဲ့ နိဂုံးဟာ သာမန်ဇာတ်သိမ်းတစ်ခု မဟုတ်ဘဲ ပိုမိုနက်ရှိုင်းတဲ့ သွေးစွန်းတဲ့ လျှို့ဝှက်ချက်တွေဆီ ဦးတည်သွားတဲ့အခါ..
ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်ကြီးဘဝကနေ ဇနီးဖြစ်သူကို ကယ်တင်ဖို့အတွက် ဥပဒေပြင်ပက ဝရမ်းပြေးတစ်ယောက်ရဲ့ အသည်းယားစရာ စွမ်းရည်တွေကို ပြန်ထုတ်သုံးပြမဲ့ “ဂန်ထယ်ဂျူ” အဖြစ် မင်းသားကြီး Namkoong Min က ပါဝင်ထားပြီး အပူတပြင်းအခြေအနေကြားက ကြမ်းတမ်းတဲ့ Grounded Action တွေကို အားကောင်းကောင်းနဲ့ ချပြသွားမဲ့ သူ့ရဲ့ နေ့စဉ်ဘဝထဲကို ဆေးရုံရဲ့ ဥက္ကဌအဖြစ်ရော၊ အမုန်းနဲ့အချစ်ကြားမှာ လွန်ဆွဲရင်း ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့ ဇနီးသည် “ဂိုဆယ်ယွန်း” အဖြစ် မင်းသမီး Lee Seol က စိတ်ခံစားမှုအပြည့်နဲ့ ဝင်ရောက်ပုံဖော်ထားပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင်မှာ ယဉ်ကျေးပျူငှာပေမဲ့ ကွယ်ရာမှာတော့ ကြောက်စရာကောင်းလောက်အောင် ရက်စက်တတ်တဲ့ ဗီလိန် “နိုမန်ဟီး” အဖြစ် မင်းသား Kim Dae-myung (Hospital Playlist ထဲက မလှုပ်တလှုပ်ဆရာဝန်လေး) က ပရိသတ်တွေ တစ်ခါမှမမြင်ဖူးသေးတဲ့ ပုံစံသစ်နဲ့ ပြောင်းလဲသရုပ်ဆောင်ထားပြီး၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် “ဂျန်ဒိုရှစ်” နဲ့ ရဲအရာရှိတွေကလည်း ဇာတ်လမ်းရဲ့ Vibe နဲ့ Chemistry ကို ပိုပြီး သက်ဝင်လှုပ်ရှားစေမှာ ဖြစ်ပါတယ်။
အလန်းစား စတန့်အက်ရှင်တွေထက်စာရင် အသက်လုပြေးလွှားရတဲ့ urgency space နဲ့ တကယ့်အသက်ဘေးအန္တရာယ်ကြားက ပျာယာခတ် စိတ်လှုပ်ရှားရမဲ့ အကွက်စိပ်စိပ် Cinematic Style မျိုးကို အပီအပြင် ရိုက်ကူးပြသထားလို့ ပရိသတ်တွေရင်ထဲ တဒိန်းဒိန်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားစေမှာ အသေအချာပါပဲ။
နောက်ကွယ်က ပင့်ကူအိမ်လို ရှုပ်ထွေးနေတဲ့ ဆေးရုံလောကရဲ့ သစ္စာဖောက်မှုတွေ၊ ကောက်ကျစ်တဲ့ စစ်ဆင်ရေးတွေကို ခြေရာခံ အမှုန့်ခြေပစ်မဲ့ ဇာတ်အိမ်မျိုးမို့ အက်ရှင်နဲ့ သွေးဆူချင်သူတွေအတွက်တော့ အကြိုက်တွေ့စေမဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။
အပိုင်း ၁၂ ပိုင်းနဲ့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာမို့ အိမ်ထောင်ရေးရဲ့ တကယ့်အဓိပ္ပာယ်ကို ရာဇဝတ်မှုတွေကြားကနေ ဘယ်လိုပြန်လည်ရှာဖွေပုံဖော်သွားမလဲဆိုတာကို အတူတူ ဝင်ရောက်စီးမျောလိုက်ဖို့ ဖိတ်ခေါ်လိုက်ချင်ပါတယ်နော်။
Genre ….. Crime, Drama, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 600MB / 1.2GB
Episode ….. 12
Network ….. KBS2
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel