
The Prosecutor’s Proposal (2026)
============================
BLANK2Y အဖွဲ့က Park Si Woo နဲ့ I Am a Running Mate ထဲက Kim Yoon Sik တို့ရဲ့ အချစ်အမုန်း ရောပြွန်းနေတဲ့ ဆန့်ကျင်ဘက် ကံကြမ္မာကြားက Enemies to Lovers BL ကားသစ်လေး..
သာမန် BL ကားတွေနဲ့မတူဘဲ ခိုင်မာတဲ့ဇာတ်အိမ်နဲ့ စိတ်ဝင်စားဖွယ် အမှုဖော်ထုတ်ပုံတွေကိုပါ လိုက်ပါစီးမျောနိုင်မဲ့ ခံစားမှုရသအသစ်..
အတိတ်ရဲ့ ငရဲတွင်းထဲကနေ ရုန်းထွက်ဖို့ တစ်ဦးတည်းသော ကယ်တင်ရှင်က ကိုယ့်ကို အမုန်းဆုံးသူ ဖြစ်နေတဲ့အခါ..
ကံကြမ္မာရဲ့ ရက်စက်တဲ့လှည့်ကွက်ကြားထဲမှာ အချင်းချင်းရဲ့ အားနည်းချက်လည်းဖြစ်၊ တစ်ဦးတည်းသော ကယ်တင်ရှင်လည်း ဖြစ်လာခဲ့ရတဲ့ ယောက်ျားနှစ်ယောက်ရဲ့ နက်ရှိုင်းတဲ့နှောင်ကြိုးကို ခံစားရမဲ့ Mystery Thriller Series အသစ်လေး..
အတိတ်ရဲ့ ခြောက်လှန့်မှုတွေကြားကနေ အမှန်တရားကို အတူတူရှာဖွေရင်း တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးမဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုအဆုံးသတ်မလဲ..
နက်မှောင်တဲ့ ကံကြမ္မာနွံထဲကနေ အလင်းရောင်ဆီကို အတူတူရုန်းထွက်မဲ့ ကောင်လေးနှစ်ယောက်..
ဒီ Series ကတော့ He Bok ရဲ့ နာမည်ကြီး Web Novel ကို အခြေခံပြီး ဒါရိုက်တာ Yang Kyung Hee က ရိုက်ကူးပုံဖော်ထားတဲ့ Mystery, Romance, Drama အမျိုးအစားပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ကာစီနိုသူဌေးကြီးတစ်ဦး အသတ်ခံရမှုကြောင့် ကောင်လေးနှစ်ယောက်ရဲ့ ဘဝက ငရဲလို ပြောင်းလဲသွားခဲ့ရပါတယ်။ တစ်ယောက်က ဓားစာခံရဲ့ သားဖြစ်လာပြီး နောက်တစ်ယောက်ကတော့ လူသတ်သမားရဲ့ သားအဖြစ် သမုတ်ခံခဲ့ရတာပါ။
နှစ်အတော်ကြာပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ အမှုစစ်နဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ကံကြမ္မာအလှည့်အပြောင်းကြောင့် ပြန်လည်ဆုံတွေ့ခဲ့ကြပြီး ကြီးမားတဲ့ ခြစားမှုတွေကို အတူတူ ဖော်ထုတ်ကြရင်း Enemies to Lovers အဖြစ် ပြောင်းလဲလာမဲ့ နက်ရှိုင်းတဲ့ ဇာတ်လမ်းဆန်းလေး ဖြစ်ပါတယ်။
ဒီကားထဲမှာ မင်းသား Park Si Woo က Lee Chae Ha အဖြစ် ပါဝင်ထားပြီး မင်းသား Kim Yoon Sik ကတော့ Ju Tae Seon အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းတစ်လျှောက်လုံးမှာ အမှန်တရားကို လိုက်လံစုံစမ်းရတဲ့ စိတ်လှုပ်ရှားစရာ Thriller Feel အပြင် တစ်ယောက်ကိုတစ်ယောက် မုန်းတီးရာကနေ ကယ်တင်ရှင်ဖြစ်လာတဲ့ ဒဏ်ရာကိုယ်စီနဲ့ ကောင်လေးနှစ်ယောက်ရဲ့ နာကျင်စရာကောင်းပြီး လှပတဲ့ အချစ် vibe ကိုပါ ရောပြွန်းခံစားရမှာ ဖြစ်ပါတယ်။
စုစုပေါင်း အပိုင်း (၁၀) ပိုင်းနဲ့ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်ပြသနေတာမို့ အခုပဲ သူတို့ရဲ့ ကံကြမ္မာခရီးလမ်းကို လိုက်ပါကြည့်ရှုဖို့ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။
Genre ….. Crime, Drama, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 150MB / 350MB
Episode ….. 10
Network ….. Wavve
Review ….. Bom
Translator ….. Bom
Encoder ….. SNNT
Rainbow Channel
| Episode | Quality | Download |
|---|---|---|
| 01 | 720P | Yoteshin Telegram Megaup Terabox |
| 01 | 1080P | Yoteshin Telegram Megaup Terabox |
| 02 | 720P | Yoteshin Telegram Megaup Terabox |
| 02 | 1080P | Yoteshin Telegram Megaup Terabox |
| 03 | 720P | Yoteshin Telegram Megaup Terabox |
| 03 | 1080P | Yoteshin Telegram Megaup Terabox |
| 04 | 720P | Yoteshin Telegram Megaup Terabox |
| 04 | 1080P | Yoteshin Telegram Megaup Terabox |
| 05 | 720P | Yoteshin Telegram Megaup Terabox |
| 05 | 1080P | Yoteshin Telegram Megaup Terabox |
| 06 | 720P | Yoteshin Telegram Megaup Terabox |
| 06 | 1080P | Yoteshin Telegram Megaup Terabox |