Ads
ads

Video Sources 0 Views

  • Watch trailer
The Shrine

The Shrine

It will find youFeb. 06, 2026KR95 Min.NR
Your rating: 0
8 1 vote

Synopsis

The Shrine (2026)
===============

သရဲကားကြိုက်သူတွေအတွက် J-Horror ရဲ့ အငွေ့အသက်နဲ့ K-Occult ကို ပေါင်းစပ်ထားတဲ့ The Shrine..

တစ်ခါတလေ ကိုယ် ခြေချမိလိုက်တဲ့ နေရာတစ်ခုက မဖိတ်ခေါ်ဘဲ ရောက်လာမဲ့ အမှောင်ထုရဲ့ အစပြုခြင်း ဖြစ်နေရင်..

နားထဲမှာ အမြဲပဲ့တင်ထပ်နေမဲ့ အမှောင်ထုရဲ့ ခေါ်သံ..

ဒီနှစ်ရဲ့ အကောင်းဆုံး Occult Thriller နဲ့ Horror ဇာတ်ကားတွေထဲက တစ်ကားလို့ ပြောလို့ရမဲ့ ‘The Shrine’ ဟာ ပရိသတ်တွေကို တစ်ခါမှ မခံစားဖူးသေးတဲ့ ရင်တထိတ်ထိတ်နဲ့ အသည်းယားစရာ ကောင်းလှတဲ့ Mystery ခံစားချက်ကို အပြည့်အဝ ပေးစွမ်းနိုင်မဲ့ Must-Watch Movie တစ်ကားပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဆိတ်ငြိမ်လှတဲ့ ကိုဘေးမြို့လေးက နတ်ကွန်းအိုကြီးတစ်ခုကို အခြေခံပြီး လူသားတွေရဲ့ မသိစိတ်ထဲက အကြောက်တရားနဲ့ နာမ်လောကရဲ့ ဆန်းကြယ်မှုတွေကို ခံစားချက်အပြည့်နဲ့ ရိုက်ကူးတင်ဆက်ထားတာပါ။

ဒီ Movie ရဲ့ နောက်ကွယ်က တကယ့် Mastermind ကတော့ နာမည်ကြီး ဒါရိုက်တာ Kumakiri Kazuyoshi ပဲ ဖြစ်ပါတယ်။ သူ ဖန်တီးလိုက်တဲ့ Cinematic Style နဲ့ သွေးပျက်စရာ ကောင်းလောက်အောင် ခြောက်ခြားဖို့ကောင်းတဲ့ ရုပ်ထွက် အလှတရားတွေက တကယ့်ကို ထူးခြားဆန်းသစ်လှပါတယ်။

ဒါ့အပြင် Main Role မှာ ဆိုရင်လည်း ပရိသတ်တွေ အမြဲချစ်ရတဲ့ Idol Actor Kim Jae Joong က နတ်ဆရာ တစ်ယောက်ဖြစ်တဲ့ မြောင်ဂျင်း အဖြစ်နဲ့ အရင်က မြင်တွေ့နေကျ ပုံစံတွေနဲ့ လုံးဝမတူဘဲ ဆန်းသစ်ပြီး ရင့်ကျက် တည်ငြိမ်လှတဲ့ Visual နဲ့ သရုပ်ဆောင်ပိုင်း Transformation ကို ပြသသွားခဲ့ပါတယ်။

ဇာတ်လမ်းရဲ့ အစကတော့ ယူမီနဲ့ သူ့ကျောင်းသားတွေက ဂျပန်ကိုဘေးမြို့လေးမှာ ကိုရီးယား-ဂျပန် ပူးပေါင်းပရောဂျက်လုပ်ဖို့ ရောက်ရှိနေတုန်း အဖွဲ့ထဲက ဟီဂျောင်း တစ်ယောက် ညစာစားချိန်အထိ အိမ်ပြန်မလာဘဲ ပျောက်ဆုံးသွားရာကနေ စတင်ခဲ့တာပါ။

သူတို့အဖွဲ့ဟာ ဟီဂျောင်းရဲ့ ပန်းချီကားထဲက နတ်ကွန်းဆီကို သွားရောက် ရှာဖွေရင်းနဲ့ ထူးဆန်း ခြောက်ခြားစရာ ကောင်းတဲ့ အဖြစ်အပျက်တွေ၊ မမျှော်လင့်ဘဲ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ရင်ဆိုင်ရပြီး အဲဒီနေရာမှာ ဆိုးဝါးလှတဲ့ Evil Spirit တစ်ခု ရှိနေမှန်း ယူမီတစ်ယောက် သိလိုက်ရပါတယ်။

ဒီလိုနဲ့ ယူမီဟာ အတိတ်က အကြောင်းအရာတွေကို ဘေးဖယ်ထားပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်မဲ့ သူ့ရဲ့ စီနီယာ မြောင်ဂျင်းကို အကူအညီ လှမ်းတောင်းရာကနေ နတ်ဆရာနဲ့ ခရစ်ယာန် သင်းအုပ်ဆရာတို့ရဲ့ ထူးဆန်းဆန်းကြယ်လှတဲ့ ပူးပေါင်း စုံစမ်းစစ်ဆေးမှု Feel နဲ့ ဇာတ်လမ်းရဲ့ Narrative Vibe ကို တစ်ခါမှ မရဖူးတဲ့ အတွေ့အကြုံသစ် အဖြစ် အသည်းထိတ်စရာ ခံစားရမှာ ဖြစ်ပါတယ်။

ဂျပန်တစ္ဆေကားတွေရဲ့ အေးစက်စက်နဲ့ ခြောက်ခြားဖွယ် အလှတရားရယ်၊ ကိုရီးယားရဲ့ နတ်ဆရာ ဓလေ့၊ ခရစ်ယာန် သင်းအုပ်ဆရာ ယုံကြည်မှုတွေအပြင် ဟိန္ဒူ နတ်ဆိုး အယူအဆတွေကိုပါ တစ်နေရာတည်းမှာ စုစည်းတင်ဆက်ထားတဲ့၊ ယဉ်ကျေးမှုပေါင်းစုံ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ရုပ်ရှင်ပါ။

ဆန်းကြယ်လှတဲ့ နာမ်လောက စုံစမ်းစစ်ဆေးမှုတွေနဲ့ Horror ပရိသတ်တွေ အကြိုက်တွေ့စေမဲ့အပြင်၊ ဟီဂျောင်းကို ရှာတွေ့နိုင်မှာလားဆိုတာနဲ့ အသက်ရှင်လျက် အကောင်းအတိုင်း ပြန်ခေါ်လာနိုင်ပါ့မလား.. ဘယ်လိုထိတ်လန့်စရာတွေ ကြုံတွေ့ရမလဲဆိုပြီး ရင်ခုန်သံတွေ မြန်စေမဲ့ ‘The Shrine’ ကို အခုပဲ ကြည့်ရှုခံစားလိုက်ဖို့ နွေးထွေးစွာ တိုက်တွန်းလိုက်ပါတယ်နော်။

Genre ….. Horror, Mystery
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 823.22
MB / 1.86GB
Review ….. Bom
Translator ….. Bom
Encoder ….. Ray

Rainbow Channel

The Shrine
Original title 신사: 악귀의 속삭임
IMDb Rating 5.7 12 votes
TMDb Rating 2.5 2 votes

Director

Cast

ads

Similar titles

Selepas Tahlil
Parimala and Co
Death Whisperer
404 Run Run
Tipline Mysteries: Dial 1 for Murder
Torment
Pulung Gantung: Pati Ngendat
Weapons
Streaming
Killer Whale
Odela 2
The Lost Bus

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On