
Disclosure Day (2-0-2-6)
==================
IMDB ⭐️ 6.7/10
“ငါတို့သိခွင့်ရှိတယ်… အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ ရတဲ့အရာ မဟုတ်ဘူး”
Sci-Fi Epic တွေရဲ့ ဆရာတစ်ဆူ၊ ကမ္ဘာကျော် ဒါရိုက်တာကြီး Steven Spielberg ရဲ့ စောင့်ကြည့်ရမယ့် စိတ္တဇဆန်ဆန် Sci-Fi/Conspiracy Thriller ကားသစ်ကြီး “Disclosure Day (2026)” ကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာ အဓိကဇာတ်ဆောင်အဖြစ် Oppenheimer နဲ့ A Quiet Place တို့ထဲက မင်းသမီးချော Emily Blunt က ပါဝင်အားဖြည့်ထားပြီး၊ Jurassic Park တို့ Indiana Jones တို့ရဲ့ ဇာတ်ညွှန်းဆရာ David Koepp က ဇာတ်ညွှန်းရေးသားထားတာမို့ Quality ပိုင်းကတော့ စိတ်ချရမှာပါ။
ဇာတ်လမ်းကတော့ စကြဝဠာထဲမှာ ငါတို့လူသားတွေတည်း သီးသန့်ရှိနေတာမဟုတ်ဘူးဆိုတဲ့ အမှန်တရားကြီးကို အစိုးရနဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေက နှစ်ပေါင်းများစွာ ဖုံးကွယ်ထားရာကနေ စတာပါ။
တစ်နေ့မှာတော့ ဒီစကြဝဠာရဲ့ လျှို့ဝှက်ချက်ဆန်းကြီးကို ကမ္ဘာသူကမ္ဘာသားတွေ ရှေ့ထွက်ပြီး အမှန်အတိုင်း ထုတ်ဖော်ပြောကြားမယ့် “Disclosure Day” (ထုတ်ဖော်ပြောကြားခြင်းနေ့) နီးကပ်လာတဲ့အခါ…
ဒီအမှန်တရား ပေါ်ထွက်မလာအောင် တားဆီးချင်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ပဟေဠိဆန်ဆန် ဂြိုဟ်ပြင်ပသက်ရှိတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ မင်းသမီး Emily Blunt တစ်ယောက် Conspiracy ဝင်္ကပါကြီးထဲမှာ ဘယ်လိုအသက်လု ရုန်းကန်ရမလဲဆိုတာ…
Alien Invasion သက်သက်ကြီး မဟုတ်ဘဲ မနုဿဗေဒဆန်ဆန်၊ Psychological Drama နဲ့ Suspense Mystery ဘက်ကို ပါးပါးလေး ရောယှက်တင်ဆက်ထားတာမို့ စိတ္တဇဆန်ဆန် သည်းထိတ်ရင်ဖို Vibe ကိုမှ ကြိုက်တဲ့ Sci-Fi Fan တွေအတွက်တော့ အမိုက်စား ကားကောင်းတစ်ကားဖြစ်မှာ အမှန်ပါပဲ။
ကမ္ဘာကြီးရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီး ဘူးပေါ်သလို ပေါ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ Disclosure Day မှာ ကြည့်ရှုလိုက်ကြရအောင်။
Genre ….. Sci-Fi, Thriller
Quality ….. 720P / 1080P WEB-DL 5.1 (HEVC)
File Size ….. 1.15GB / 2.47GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel