
The Affair Was Just the Beginning (2026)
==============================
Signal မင်းသမီးကြီးနဲ့ The Haunted Palace ထဲက ဘျင်ကောင်ရဲ့ Thriller Series အသစ်..
ယောက်ျားဖြစ်သူရဲ့ နောက်ကို စုံစမ်းဖို့ လိုက်သွားရင်းမှ
ဖောက်ပြန်မှုထက် ဆိုးရွားလှတဲ့ အလောင်းဖျောက်ဖျက်မှုကြီးတစ်ခုနဲ့ ထိပ်တိုက်တွေ့လိုက်ရတဲ့အခါ..
ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ အိမ်ရဲ့ အလှသစ်ပင်ခြံထဲမှာ အလောင်းကို တူးမြှုပ်ခဲ့ကြပေမဲ့
“မင်းတို့လုပ်ခဲ့တာတွေအကုန် မှတ်တမ်းတင်ထားတယ်”ဆိုတဲ့ လျှို့ဝှက်ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိလာချိန်မှာတော့..
မိသားစုပုံရိပ်၊ စီးပွားရေးနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် လူတစ်ယောက်က ဘယ်လောက်အထိ အစွန်းရောက်သွားနိုင်သလဲဆိုတာကို ချောက်ချားဖွယ်ရာ ရင်ခုန်သံတွေနဲ့အတူ ရိုက်ပြထားတဲ့ Thriller Series..
ပြည့်စုံလွန်းလှတဲ့ သာယာမှုနောက်ကွယ်မှာ ဘယ်လိုအမှောင်ထုတွေ ဝှက်ထားမလဲ..
Signal နဲ့ Under the Queen’s Umbrella တို့ရဲ့ ဝါရင့် မင်းသမီးကြီး Kim Hye Soo က အားလုံးအားကျရတဲ့ Influencer နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးအဖြစ် သရုပ်ဆောင်ထားပြီး Parasite ထဲက မင်းသမီး Cho Yeo Jung၊ The Haunted Palace ထဲက ဘျင်ကောင် Kim Ji Hoon နဲ့ Kim Jae Chul တို့လို ထိပ်တန်း Cast တွေရဲ့ Acting tension ကြောင့် ကြည့်ရှုသူကို စိတ္တဇဆန်ဆန် ဆွဲဆောင်သွားမဲ့ ကားလေးဖြစ်ပါတယ်။
ဒါ့ပြင် Hell Is Other People နဲ့ Strangers from Hell တို့ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Lee Chang Hee ရဲ့ Dark Cinematic Style ပါဝင်တာမို့ လုံးဝစောင့်ရကျိုးနပ်စေမှာပါ..
ဇာတ်လမ်းလေးကတော့ Influencer လည်းဖြစ်၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ ဂယောင်းဟီးရဲ့ ပြည့်စုံလွန်းလှတဲ့ လူနေမှုဘဝက အမျိုးသားဖြစ်သူ ဂျယ်ဟုန်းရဲ့ ဖောက်ပြန်မှု သံသယတွေကြောင့် ရုတ်တရက် အက်ကြောင်းထင်ခဲ့ရပါတယ်။
ဒီလိုနဲ့ ယောက်ျားဖြစ်သူရဲ့ နောက်ကို စုံစမ်းဖို့ လိုက်သွားရင်းမှ ဖောက်ပြန်မှုထက် ပိုမိုဆိုးရွားလှတဲ့ အလောင်းဖျောက်ဖျက်မှုကြီးတစ်ခုနဲ့ ထိပ်တိုက်တွေ့လိုက်ရတဲ့အခါမှာတော့..
သမီးဖြစ်သူ ပါဝင်ပတ်သက်နေတဲ့ ဒီရာဇဝတ်မှုကို ဖုံးကွယ်ဖို့ အိမ်ရဲ့ အလှသစ်ပင်ခြံထဲမှာ အလောင်းကို တူးမြှုပ်ခဲ့ကြပေမဲ့ အားလုံးကို မှတ်တမ်းတင်ထားတယ်ဆိုတဲ့ လျှို့ဝှက်ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိလာတဲ့အခါ..
တိတ်ဆိတ်နေတဲ့ သစ်ပင်ခြံကျင်းထဲမှာ မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်က ဘယ်အချိန်များ ပေါက်ကွဲထွက်လာမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။
Dark & Crime Thriller Theme Vibe အပြည့် ရချင်တဲ့သူတွေအနေနဲ့ အပိုင်း ၈ ပိုင်းပါဝင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ပြသသွားမှာမို့ ဒီစီးရီးရဲ့ လျှို့ဝှက်ဆန်းကြယ် ကွင်းပြင်ကြီးထဲကို အတူတူ ဝင်ရောက်စီးမျောလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်..
Genre ….. Crime, Comedy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 600MB / 1.2GB
Episode …… 8
Network …… COUPANG TV
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel