
Op-e-r-at-ion Sa-f-ed Sa-g-ar: The Hi-g-h-e-st A-i-r Fo-r-ce Mi—s-sion
===================================================
ဝေဟင်ထက်မှ သူရဲကောင်းများ
“ ကာဂေးစစ်ပွဲအတွင်းက ဖြစ်ရပ်မှန် လေကြောင်းစစ်ဆင်ရေးကို ပြန်လည်ပုံဖော်ထားတဲ့ Netflix စီးရီး အသစ်စက်စက်”
၁၉၉၉ ခုနှစ်… အိန္ဒိယနဲ့ ပါကစ္စတန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာပဲ ကက်ရှ်မီးယားတောင်တန်းတွေပေါ်က အခြေအနေတွေကတော့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ ပါကစ္စတန်တပ်ဖွဲ့တွေဟာ ဆောင်းရာသီအတွင်း စွန့်ခွာထားရတဲ့ အိန္ဒိယစစ်စခန်းတွေကို တိတ်တဆိတ် ဝင်ရောက်သိမ်းပိုက်လာပြီး နောက်ဆုံးမှာတော့ ကာဂေးစစ်ပွဲကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ပေထောင်ချီမြင့်မားတဲ့ တောင်တန်းတွေ၊ လေထုပါးလျတဲ့ အမြင့်ပိုင်းဒေသတွေ၊ ရာသီဥတုဆိုးရွားမှုတွေနဲ့ ရန်သူ့ပစ်ခတ်မှုတွေကြားမှာ မြေပြင်တပ်ဖွဲ့တွေအတွက် ရန်သူ့နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ မလွယ်ကူခဲ့ပါဘူး။ ဒီအချိန်မှာ အိန္ဒိယလေတပ်ဟာ ဆာဖိဆာဂါစစ်ဆင်ရေးဆိုတဲ့ အန္တရာယ်များလှတဲ့ လေကြောင်းစစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။
တိုက်လေယာဉ်မှူးတွေဟာ သာမန်လေကြောင်းတိုက်ပွဲတွေထက် ပိုမိုခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ မြင့်မားလွန်းတဲ့ တောင်တန်းတွေကြားမှာ ပစ်မှတ်ကို ရှာဖွေဖော်ထုတ်ရသလို ရန်သူ့လက်နက်ကြီးပစ်ခတ်မှုတွေကို ရှောင်တိမ်းပြီး စစ်ဆင်ရေးကို မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ရမှာပါ။ စစ်ပွဲက ပိုမိုပြင်းထန်လာတာနဲ့အမျှ သူတို့ရဲ့ ခင်မင်ရင်းနှီးမှု၊ အချင်းချင်းယုံကြည်မှုနဲ့ အသက်ပေးစွန့်လွှတ်ရတဲ့ ဆုံးဖြတ်ချက်တွေကိုပါ ရင်ဆိုင်လာရမှာ ဖြစ်ပါတယ်။
ဒီလို မဖြစ်မနေ အောင်မြင်ရမဲ့အခြေအနေမှာ အိန္ဒိယလေတပ်ရဲ့လေယာဉ်မှူးတွေ ဘယ်လိုစစ်ဆင်ရေးတွေ လုပ်ခဲ့ကြသလဲ.. “ဆာဖိဆာဂါစစ်ဆင်ရေး”က ကာဂေးစစ်ပွဲရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ရင်သပ်ရှုမောဖွယ် လေကြောင်းတိုက်ပွဲတွေနဲ့အတူ ဖြစ်ရပ်မှန်အတိုင်း ပြန်လည်ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။
Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 500MB / 1GB
Episode ….. 6
Network ….. Netflix
Review ….. LL
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel
| Episode | Quality | Download |
|---|---|---|
| 01 | 720P | Yoteshin Telegram Megaup Terabox |
| 01 | 1080P | Yoteshin Telegram Megaup Terabox |
| 02 | 720P | Yoteshin Telegram Megaup Terabox |
| 02 | 1080P | Yoteshin Telegram Megaup Terabox |
| 03 | 720P | Yoteshin Telegram Megaup Terabox |
| 03 | 1080P | Yoteshin Telegram Megaup Terabox |
| 04 | 720P | Yoteshin Telegram Megaup Terabox |
| 04 | 1080P | Yoteshin Telegram Megaup Terabox |
| 05 | 720P | Yoteshin Telegram Megaup Terabox |
| 05 | 1080P | Yoteshin Telegram Megaup Terabox |
| 06 | 720P | Yoteshin Telegram Megaup Terabox |
| 06 | 1080P | Yoteshin Telegram Megaup Terabox |
================ END ================