
Moonshadow (2026)
==============
GL ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ My Only Sunshine ထဲက ဆန်းနဲ့ဂျန်ဆိုတဲ့ အမြွှာညီအစ်မနှစ်ယောက်ကို မှတ်မိကြဦးမှာပါ။
အခုထွက်ရှိလာတာကတော့ Sun and Moon Universe ထဲက ဒုတိယတွဲဖြစ်တဲ့ a shadow underneath the moon ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး GMM ရဲ့ GL CP တစ်တွဲဖြစ်တဲ့ Emi-Bonnie တို့ရဲ့ ဒုတိယမြောက်ဇာတ်လမ်းတွဲဆိုလည်းမမှားပါဘူး။
Plus point အနေနဲ့ ဒီဇာတ်လမ်းတွဲထဲမှာ Film Rachanun ကလည်း ပါဝင်အားဖြည့်သွားမှာဖြစ်လို့ top visual တွေ ဘယ်လို slay ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
ဒီဇာတ်လမ်းလေးကတော့ သွက်လက်ထက်မြက် ကျော့ရှင်းတဲ့ ဘောစိမမချန်တစ်ယောက် ကီးဆိုတဲ့အဆိုတော်မလေးနဲ့ တွေ့ဆုံမိရာကနေ One night stand ပတ်သက်မိရာကနေ စတင်ထားပါတယ်။
ချန်ကတော့ အမှုမဲ့အမှတ်မဲ့ တစ်ညတာလို့ပဲ သဘောထားခဲ့တာပေမဲ့ ကီးကတော့ မမချန်မှ မမချန်ဖြစ်တဲ့အထိ စွဲလမ်းမိသွားတဲ့အခါ…
တစ်ဖက်က ချစ်သူမဖြစ်နိုင်တောင် sugar baby ဖြစ်ခွင့်ရမလားဆိုပြီး ချန်ဘေးမှာနေရဖို့ဆို ဘာဖြစ်ဖြစ်လုပ်မဲ့ကီးနဲ့ နောက်တစ်ဖက်က ချန်နဲ့အတိတ်က သံယောဇဉ်တွေကို ပြန်အသက်သွင်းချင်တဲ့ အဆက်ဟောင်းဂျေကပါ ချန့်ကို အပြိုင်ချဉ်းကပ်လာတဲ့အခါမှာတော့…
ချန်တစ်ယောက် မဆုံဆည်းခဲ့ရ ဇာတ်သိမ်းမလှခဲ့တဲ့ အတိတ်ဟောင်းကိုပဲရွေးချယ်မလား၊ မျက်နှာများပြီးချွဲတတ်တဲ့ ညီမလေးရဲ့အချော့အမြူတွေမှာပဲ အရည်ပျော်သွားမလား။
သုံးပွင့်ဆိုင် ဆက်ဆံရေးရယ်လို့ဖြစ်လာပြီဆိုရင်တော့ တစ်ယောက်ကတော့ ကျန်ရစ်ခဲ့ရစမြဲပဲမလို့ သူတို့ ၃ ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ အတူရှုစားလိုက်ရအောင်ပါ။
Genre ….. Drama
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 500MB / 1GB
Episode …… 10
Network …… GMM 25
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel