
Number One (2026)
==============
IMDB ⭐️ 6.6/10
Parasite ထဲက ဝူရှစ်တို့သားအမိရဲ့ နောက်ထပ် ရင်ကိုစွဲကျန်စေမဲ့ ဇာတ်ကားလေး..
အမေ ပြင်ဆင်ပေးတဲ့ ထမင်းကို စားလိုက်တိုင်း မျက်စိရှေ့မှာ လျော့လျော့သွားတဲ့ Countdown နံပါတ်တွေ..
ဒါဟာ ကိုယ့်ကို ကျွေးမွေးခဲ့တဲ့ အမေနဲ့ နောက်ဆုံးအချိန်ကို ရေတွက်နေတဲ့ သေမင်းရဲ့ အရိပ်အယောင် ဖြစ်နေမလား..
ထမင်းတစ်ခါ စားတိုင်း အမေ့ရဲ့ သက်တမ်းကို ကိုယ်တိုင် လျှော့ချနေမိသလို ခံစားချက်မျိုးနဲ့ အမေချက်တဲ့ ထမင်းတွေကို ဝေးဝေးရှောင်ခဲ့ရတဲ့ သားတစ်ယောက်ရဲ့ နာကျင်မှု..
ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကြား သူ ရှောင်လွှဲချင်ခဲ့တဲ့ အမှန်တရားနဲ့ ထိပ်တိုက်တွေ့လိုက်ရတဲ့အခါ..
ပရိသတ်ကြီးက သာမန် Family Drama တစ်ခုထက် ပိုပြီး အမေနဲ့သား ကြားက သံယောဇဉ်ကို Fantasy Element နည်းနည်း ရောစပ်ပြီး ရင်ထဲ ထိရှသွားစေတဲ့ ဇာတ်လမ်းကောင်းတွေကို သဘောကျတဲ့သူလား.. ဒါဆိုရင်တော့ မျက်ရည်ဝဲစေမဲ့ ရင်နင့်စရာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
အပေါ်ယံကြည့်ရင် အေးချမ်းတဲ့ မိသားစုကမ္ဘာလေးတစ်ခုလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ငယ်စဉ်ကတည်းက မြင်တွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ Countdown နံပါတ်တွေကြောင့် အမေဖြစ်သူနဲ့ ဝေးဝေးနေထိုင်ပြီး ဘဝကို အမြဲတမ်း စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဟာမင်း..
မင်းသား Choi Woo Shik နဲ့ အမေအဖြစ် သရုပ်ဆောင်တဲ့ ဝါရင့်မင်းသမီးကြီး Jang Hye Jin ရဲ့ နှစ်ယောက်ကြားက စိတ်လှုပ်ရှားစရာ ကောင်းလှတဲ့ Chemistry က ဇာတ်ကားတစ်ကားလုံးကို ပို အသက်ဝင်စေခဲ့ပြီး ဟာမင်းရဲ့ ချစ်သူ ယောအွန်းအဖြစ် ပါဝင်ထားတဲ့ Perfect Crown ထဲက မယ်မယ် Gong Seung Yeon ကလည်း ဇာတ်လမ်းရဲ့ အေးစက်စက် အလွမ်းဓာတ်ခံကြားမှာ နွေးထွေးတဲ့ Vibe တစ်ခုကို သယ်ဆောင်လာပေးခဲ့ပါတယ်။
ဒီကားကြည့်ပြီးရင် “အမေက အမြဲငါးဟင်းပဲ ချက်နေလို့ အမေ့လက်ရာကြီး မစားချင်ဘူး” ဆိုတဲ့သူတွေ အတွေးတစ်မျိုး ပြောင်းလဲသွားမလားဆိုတာနဲ့ အမေဆိုတာ သက်ရှိထင်ရှားရှိနေပေးရုံနဲ့ ကျေးဇူးတင်ရမဲ့ တည်ရှိမှုလေးလို့ နွေးထွေးစွာ ခံစားရစေမှာမို့ ၁နာရီခွဲစာလောက် အတူလိုက်ပါစီးမျောဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Genre ….. Drama, Fantasy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 969.08MB / 2.07GB
Review ….. Bom
Translator ….. Bom
Encoder ….. Ray
Rainbow Channel