
Ok! Let’s Get Divorced (2026)
==========================
၇ နှစ်ကြာ အိမ်ထောင်ရေးကို… ဘာကြောင့် သူကိုယ်တိုင် ကွာရှင်းမယ်လို ဆုံးဖြတ်လိုက်တာလဲ
အိမ်ထောင်ရေးဆိုတာ ချစ်ခြင်းတစ်ခုတည်းနဲ့ မလုံလောက်တဲ့အခါ ဘာတွေဆက်ဖြစ်လာနိုင်မလဲ
ဒီဇာတ်လမ်းကတော့ Wedding Dress Company တစ်ခုရဲ့ CEO Baek Mi Yeong နဲ့ Designer Ji Won Ho တိုရဲ့ အိမ်ထောင်ရေးအဆုံးသတ်ကို လက်တွေ့ဆန်ဆန် ရိုက်ကူးပြထားတဲ့ Divorce Romance Drama တစ်ခုဖြစ်ပါတယ်။
Mi Yeong ငယ်ငယ်ကတည်းက ဖခင်ရဲ့ Suit ဆိုင်ကိုကြည့်ရင်း Tailor တစ်ယောက်ဖြစ်ဖို အိပ်မက်မက်ခဲ့သူပါ။ ဒါပေမဲ့ မိဘတွေ မမျှော်လင့်ဘဲ ဆုံးပါးသွားပြီးနောက် သူ့ရဲ့ဘဝတစ်ခုလုံးကို အလုပ်ထဲမှာပဲ မြှုပ်နှံထားခဲ့ပါတယ်။
အဲဒီအချိန်မှာ သူ့ဘေးမှာ အမြဲရှိနေပေးခဲ့တဲ့ Designer Won Ho နဲ့တွေ့ပြီး ချစ်မိသွားကြတယ်။ ချစ်သူဖြစ်ပြီး ၆ လအကြာမှာတင် လက်ထပ်ခဲ့ကြပြီး G&White ကိုလည်း အတူတူတည်ထောင်ခဲ့ကြပါတယ်။
အပြင်ကကြည့်ရင် အောင်မြင်တဲ့ Career၊ ချစ်စရာကောင်းတဲ့ Couple၊ တည်ငြိမ်တဲ့ အိမ်ထောင်ရေး…
ဒါပေမဲ့ အိမ်ထောင်သက် ၇ နှစ်ကြာတဲ့အချိန်မှာ Mi Yeong က ရုတ်တရက်
“ငါတို ကွာရှင်းကြရအောင်” လို ပြောလိုက်ပါတယ်။ သူတိုရဲ့အိမ်ထောင်ရေးမှာ ဘာတွေဖြစ်ခဲ့တာလဲ။ Won Ho က ဘာဖြစ်လို ဒီလိုမျိုးတောင်းဆိုခံရတာလဲ။ ပြီးတော့… Mi Yeong က တကယ်ပဲ ကွာရှင်းချင်တာလား။
ဒီကားက Divorce ဇာတ်လမ်းသက်သက်မဟုတ်ဘဲ ချစ်နေသေးပေမဲ့ အတူမနေနိုင်တော့တဲ့ လူနှစ်ယောက်ရဲ့ နာကျင်မှုကိုပါ လက်တွေ့ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
အချစ်ရှိနေပေမဲ့ အိမ်ထောင်ရေးတစ်ခုကို ဆက်ထိန်းထားဖို မဖြစ်နိုင်တော့တဲ့အခါ… လူတစ်ယောက်က ဘယ်အရာကိုရွေးချယ်သင့်လဲဆိုတာသိချင်ရင်တော့ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုဖို ဖိတ်ခေါ်လိုက်ပါရစေ။
Genre ….. Comedy, Drama, Family
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 600MB / 1.2GB
Episode ….. 12
Network …… KBS
Review ….. Verona
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel