Ads
ads
Love Barista

Love Barista

Oct. 03, 2025KR117 Min.NR
Your rating: 0
9 1 vote

Synopsis

Love Barista (2025)
================

IMDB ⭐️ 6.3/10

“Asia Prince” လီဂွမ်ဆူနဲ့ ဗီယက်နမ်မင်းသမီးလေးတို့ရဲ့ Romantic Comedy ရုပ်ရှင်သစ်

အချစ်ဆိုတာ နေရာဒေသနဲ့ လူမျိုးကန့်သတ်ချက် မရှိဘူးဆိုတာ တကယ်ပဲလား..

မထင်မှတ်ထားတဲ့ နိုင်ငံရပ်ခြားမြေမှာ ကိုယ့်ရဲ့ကံကြမ္မာအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားတဲ့အခါ..

ဒီကားမှာ Running Man နဲ့ လူတိုင်းရဲ့အချစ်တော် Lee Kwang Soo က Cannes ရုပ်ရှင်ပွဲတော်ကို တက်လှမ်းချင်တဲ့ ရည်မှန်းချက်ကြီးမားပြီး အောင်မြင်နေတဲ့ ကိုရီးယားစတား ဂန်ဂျွန်ဝူအဖြစ် ပါဝင်ထားပါတယ်။ သူ့ရဲ့ Partner ဗီယက်နမ်မင်းသမီး Hoang Ha ကတော့ Barista တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ရိုးသားဖြူစင်တဲ့ မိန်းကလေး တာအိုအဖြစ် ပုံဖော်ထားတာပါ။ ဒါ့အပြင် အခွီမင်းသား Eum Moon Suk လည်း ပါဝင်တာမို့ သူတို့ကြားက Chemistry က ဇာတ်လမ်းတစ်လျှောက်လုံး ပေါ့ပေါ့ပါးပါးနဲ့ Fresh ဖြစ်တဲ့ Feel ကို ပေးစွမ်းမှာပါ။

ဇာတ်လမ်းကတော့ ကိုရီးယားစတား ဂန်ဂျွန်ဝူက ကြော်ငြာရိုက်ကူးရေးအတွက် ဗီယက်နမ်ကို ရောက်ရှိလာရာကနေ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် သူဟာ ဗီယက်နမ်မှာ တစ်ယောက်တည်း အခက်အခဲတွေနဲ့ ကျန်ရစ်ခဲ့ပြီး Barista အိပ်မက်ရှိတဲ့ တာအိုနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ဒီဆုံတွေ့မှုကနေတစ်ဆင့် သူတို့နှစ်ယောက်ဟာ မတူညီတဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် ကြိုးစားရင်း ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေး ဖြစ်တည်လာပါတော့တယ်။

သာမန် Rom-Com တွေလို ရိုးအီနေတာမျိုးမဟုတ်ဘဲ လှပတဲ့ ဗီယက်နမ်ရှုခင်းတွေ၊ ချစ်စရာကောင်းတဲ့ Visual တွေနဲ့အတူ မတူညီတဲ့ ကမ္ဘာနှစ်ခုက လူသားနှစ်ယောက်ရဲ့ ဆုံစည်းမှုကို ရိုက်ကူးပြသထားပါတယ်။ အောင်မြင်မှုတွေရဲ့နောက်ကွယ်က အထီးကျန်မှုနဲ့ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုတွေကိုလည်း ထိထိမိမိ မြင်တွေ့ရမှာပါ။

တကယ်လို့ ပရိသတ်ကြီးက ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စိတ်လှုပ်ရှားရမဲ့ အချစ်ဟာသကားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Lee Kwang Soo ရဲ့ အလွဲလေးတွေကိုလည်း တွေ့ရ.. ရိုမန့်တစ်ဆန်ဆန် vibe မျိုးကိုလည်း ခံစားရမှာမို့ Love Barista ကို အခုပဲ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်။

Genre ….. Comedy, Romance
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 905MB / 1.74GB
Review ….. Bom
Translator ….. Bom
Encoder ….. SNNT

Rainbow Channel

Love Barista
Love Barista
Love Barista
Original title 나혼자 프린스
IMDb Rating 6.3 82 votes
TMDb Rating 5.5 2 votes

ads

Similar titles

Hedda
Pati Patni Aur Woh Do
Dear Radhi
Kung Fu Panda
Stitch Head
Arouse
Lovely
Die Hart 2: Die Harter
Anaconda
Bride Hard
Because I Love You
The Monkey

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On