Ads
ads
Land of Wolves

Land of Wolves

Jun. 19, 2026USA100 Min.NR
Your rating: 0
10 1 vote

Synopsis

L_a-n_d O-f W-o_l-v_e-s (2-0-2-6)
===========================

IMDB ⭐️ 7.3/10

မရဏသတ်ကွင်း

“ဒီမှာ ဥပဒေဆိုတာမရှိဘူး… သန်မာသူသာ အသက်ရှင်ကျန်ရစ်မဲ့ မရဏသတ်ကွင်းပဲ ရှိတယ်”

Action အကြမ်းစား ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ထွက် Action/Survival ကားသစ်ကြီး လာပါပြီဟေ့။

ဇာတ်လမ်းအစကတော့ အထူးစစ်ဆင်ရေးတစ်ခုမှာ လျှို့ဝှက်ကယ်ဆယ်ရေးမစ်ရှင်တစ်ခု အလွဲကြီးလွဲသွားရာကနေ စပါတယ်။ ဒီမစ်ရှင်မှာ ပါဝင်ခဲ့တဲ့ Navy SEALs အထူးတပ်ဖွဲ့ဝင်ဟောင်း (၄) ယောက်ဟာ မထင်မှတ်ဘဲ ဖမ်းဆီးခံလိုက်ရပြီး မြေအောက်ကမ္ဘာရဲ့ ကြောက်မက်ဖွယ် မရဏသတ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ဖို့ အတင်းအကျပ် ဖိအားပေးခံရပါတော့တယ်။

ဒီကစားပွဲကို နောက်ကွယ်ကနေ ထိန်းချုပ်ကြည့်ရှုနေကြတာကတော့ လူ့အသက်ကို ပုရွက်ဆိတ်လို သဘောထားပြီး ပိုက်ဆံပေါလွန်းလို့ ရူးသွပ်နေကြတဲ့ ဘီလီယံနာ သူဌေးကြီးတွေပါပဲ။

လက်နက်ဆိုလို့ တစ်လက်မှမပါ၊ ထွက်ပြေးစရာ လမ်းစဆိုလို့ တစ်ပေါက်မှမရှိတဲ့ ပိတ်လှောင်နေတဲ့ အနေအထားမှာ… ဒီ အထူးတပ်ဖွဲ့ဝင် ၄ ယောက် ဘာဆက်လုပ်ကြမလဲ။

သေမင်းနဲ့ စက္ကန့်မလပ် ရင်ဆိုင်နေရတဲ့ သွေးထွက်သံယို ပြိုင်ပွဲကြီးထဲမှာ သူတို့ရဲ့ အထူးတပ်ဖွဲ့ဝင် စွမ်းရည်တွေနဲ့ ညီအစ်ကိုလို ချစ်ခင်တဲ့ သံယောဇဉ်ကိုပဲ အားကိုးပြီး ဘယ်လို အသက်လုကြမလဲ။

သူတို့ကို အခုလို လှောင်ချိုင့်ထဲ ထည့်လှောင်ထားတဲ့ မြေအောက်အဖွဲ့အစည်းကြီးကိုရော ဘယ်လို အမြစ်ဖြတ် ခြေမှုန်းပြီး လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကိုတော့…

မင်းသား James William Clark, Matthew Gray နဲ့ Justin Mobley တို့ ပါဝင်အားဖြည့်ထားပြီး၊ အာလူးမရောင်းဘဲ အနီးကပ် Close Combat တွေ၊ အကြမ်းပတမ်း Survival Action တွေကို အားရပါးရ မြင်တွေ့ရမှာမို့ Action ကားကြမ်းကြမ်းမှ ခိုက်တဲ့ ဘော်ဒါတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါရစေဗျာ။

Genre ….. Action, War
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 853.15MB / 1.54GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Original title Land of Wolves
IMDb Rating 7.3 94 votes
TMDb Rating 9.8 4 votes

ads

Similar titles

Sniper: No Nation
The Old Guard 2
Suicide Squad
Akhanda 2: Thaandavam
The Roundup: Punishment
War
McWalter
Tehran 2025
Masters of the Universe
Havoc
Ip Man 3
Warriors of the Dawn

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On