
Above and Below (2026)
=====================
IMDB ⭐️ 5.7/10
“အပေါ်မှာက လက်နက်ကိုင်လူမိုက်တွေ… အောက်မှာက သွေးဆာနေတဲ့ ငါးမန်းတွေ… သင်သာဆို ဘယ်လို အသက်ရှင်အောင် ရုန်းကန်မလဲ”
Action Crime နဲ့ Survival Thriller အမိုက်စားကားလေး မျှော်နေတဲ့ ဘော်ဒါတွေအတွက် Zorro မင်းသားကြီး Antonio Banderas နဲ့ မင်းသမီးချော Laura Marano တို့ အားပြိုင်ထားတဲ့ ကားသစ်ကြီး “Above and Below” ထွက်ရှိလာပါပြီ။
Shark Attack ကားတွေ ရိုးအီနေပြီလို့ ထင်ရင် ဒီကားက သင့်အတွေးကို ပြောင်းလဲပေးပါလိမ့်မယ်။ သာမန် ငါးမန်းဘေးကနေ ပြေးရုံတင် မဟုတ်ဘဲ လူသားတွေရဲ့ ရက်စက်မှုနဲ့ပါ ရင်ဆိုင်ရမယ့် သွေးပျက်စရာ Survival ဇာတ်ကားပါ။
ဇာတ်လမ်းကတော့ တက်တီယာနာတို့ သူငယ်ချင်းတစ်စု အပန်းဖြေခရီးထွက်ရာကနေ စပါတယ်။ ပျော်ပျော်ပါးပါး ပါတီပေး၊ ရေငုပ်ကြဖို့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ ကံဆိုးချင်တော့ တက်တီယာနာရဲ့ မောင်ဖြစ်သူက လောင်းကစားဝိုင်းမှာ မူးယစ်ရာဇာကြီး ဘန်းနဲ့ သွားငြိရာကနေ ပြဿနာစပါတော့တယ်။
ဒီလိုနဲ့ အကြွေးဆပ်ဖို့ အစား သူတို့သူငယ်ချင်းတစ်သိုက်ကို ပင်လယ်ထဲက ငါးမန်းကြည့်တဲ့ လှောင်ချိုင့်ထဲ ထည့်ပြီး ရေအောက်မှာကျနေတဲ့ မူးယစ်ဆေးထုပ်တွေ သွားဆယ်ခိုင်းပါတော့တယ်။
ပြဿနာက သူတို့ဆင်းရမယ့် ရေအောက်မှာက အချိုင့်အပြင်ဘက်မှာ အနံ့ရတာနဲ့ ကိုက်ဖြတ်ဖို့အသင့်ဖြစ်နေတဲ့ ငါးမန်းဖြူကြီးတွေ ဝိုင်းနေသလို၊ အပေါ်မှာကလည်း သူတို့ကို အချိန်မရွေး သတ်ပစ်ဖို့ အသင့်ဖြစ်နေတဲ့ လက်နက်ကိုင် လူမိုက်တွေက ဝိုင်းနေတဲ့အခါ…
ရေအောက်မှာ အောက်ဆီဂျင်က တဖြည်းဖြည်း ကုန်လာ… ငါးမန်းတွေက တစ်ဖက်၊ အပေါ်တက်ရင်လည်း သေနတ်နဲ့ အပစ်ခံရမဲ့ အခြေအနေမှာ တက်တီယာနာတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့မောင်ဖြစ်သူကို ကယ်တင်ပြီး ဒီရေအောက်ငရဲခန်းကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကိုတော့…
ငါးမန်းကားကြိုက်တဲ့ သူတွေရော၊ Action Crime Thriller အကြမ်းစား Vibe ကို ခံစားချင်တဲ့ သူတွေပါ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်လို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။
Genre ….. Action, Crime, Horror, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 881.5MB / 1.78GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 1.78GB | 0 | |
| HD 720p | TeraBox | 881.5MB | 0 | |
| HD 720p | StreamHG | 881.5MB | 3 | |
| FHD 1080p | Megaup | 1.78GB | 5 | |
| HD 720p | Megaup | 881.5MB | 6 | |
| FHD 1080p | Telegram | 1.78GB | 4 | |
| HD 720p | Telegram | 881.5MB | 5 | |
| FHD 1080p | Yoteshinportal | 1.78GB | 6 | |
| HD 720p | Yoteshinportal | 881.5MB | 5 |