Ads
ads
Arulvaan

Arulvaan

Jul. 17, 2026NA109 Min.NR
Your rating: 0
7 1 vote

Synopsis

A_r-u-l_v-a_a-n (2-0-2-6) Tamil
=========================

IMDB ⭐️ 8.7/10

“ပညာရေးဆိုတာ လူတိုင်းရသင့်တဲ့ အလင်းရောင်ပါ… ဒါပေမဲ့ အဲဒီအလင်းရောင်ကို ရဖို့အတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ရမယ်ဆိုရင်ရော…”

အက်ရှင်ကားတွေချည်း ကြည့်ရတာ ရိုးအီနေပြီဆိုတဲ့ ဘော်ဒါတွေအတွက် ရင်ထဲကို ထိရှသွားစေမယ့် Tamil Emotional Drama ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေကို နောက်ခံထားပြီး တောနက်ထဲက ပညာရေးနဲ့ အလှမ်းဝေးတဲ့ တိုင်းရင်းသားလူမျိုးစု ရွာလေးတစ်ရွာကနေ စတင်ပါတယ်။ အဲဒီရွာလေးက ကူရင်ဂျီ ဆိုတဲ့ ကောင်မလေးဟာ ပညာသင်ချင်စိတ် ပြင်းပြလွန်းပေမဲ့ အာဏာရှိတဲ့ လူတန်းစားတွေရဲ့ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေကို အလူးအလဲ ခံနေရရှာသူပေါ့။

ပညာသင်ဖို့ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေချိန်မှာ ကူရင်ဂျီလေးဟာ ခရိုင်အုပ်ချုပ်ရေးမှူး မူသူဗယ် ဆိုတဲ့ လူကြီးမင်းဆီကို သွားရောက်အကူအညီတောင်းရာကနေ အလှည့်အပြောင်း ဖြစ်လာပါတော့တယ်။

မူသူဗယ်ကလည်း ကလေးမလေးရဲ့ ဇွဲကိုမြင်ပြီး သူတို့ရွာမှာ ကျောင်းဆောက်ပေးပါ့မယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။ ဒါပေမဲ့… စာရွက်ပေါ်က ကတိတစ်ခုကို လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

ကျောင်းဆောက်ဖို့ တားဆီးနေတဲ့ ဒေသခံ လူမိုက်တွေ၊ အကျင့်ပျက် ဥပဒေအကွေ့အကောက်တွေနဲ့ ဖိအားတွေကြားထဲမှာ… မူသူဗယ်တစ်ယောက် သူပေးထားတဲ့ကတိကို တည်နိုင်မလား။ ကူရင်ဂျီလေးရော သူလိုချင်တဲ့ စာသင်ကျောင်းလေးကို ရသွားမလားဆိုတာ ရင်တအေးအေးနဲ့ ရှုစားရမှာပါ။

သာမန်ဇာတ်ကားမျိုးမဟုတ်ဘဲ Message ပေးတဲ့ ဇာတ်ကားမျိုး၊ လူတန်းစားခွဲခြားမှုတွေကို ရိုက်ချိုးပြီး ပညာရေးရဲ့ တန်ဖိုးကို မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးဖြစ်လို့ မိသားစုနဲ့အတူတူ ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။

Genre ….. Drama
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 991.44MB / 1.94GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT

Rainbow Channel

Original title அருள்வான்
IMDb Rating 8.7 134 votes

ads

Similar titles

Private Tutor
STRAW
Not Without Hope
Kara
A Normal Woman
Dridam
Brothers Under Fire
Poorna
Bachhala Malli
Sugar
All the Devils Are Here
Sorry, Baby

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On