
Moana (2026)
==========
IMDB ⭐️ 5.8/10
“သမုဒ္ဒရာကြီးက ခေါ်သံပေးနေပြီဆိုရင်… ကိုယ့်ခြေလှမ်းတွေကို ဘယ်အရာက တားဆီးနိုင်မှာလဲ”
“I am Moana of Motunui!” ဆိုတဲ့ ကြုံးဝါးသံလေးကို ကြားရုံနဲ့တင် ရင်ခုန်သံတွေ မြန်လာရတဲ့ ဒစ္စနီ ပရိသတ်ကြီးအတွက် ပင်လယ်ပြင်ကြီးထဲ စွန့်စားခန်း ပြန်ဖွင့်မဲ့ မိုအားနား Live-Action ကားကြီး ထွက်ရှိလိုလာပါပြီ။
၂၀၁၆ တုန်းက ကမ္ဘာတစ်ဝှမ်းလုံးကို လှိုင်းလုံးတွေကြား စီးမျောသွားစေခဲ့တဲ့ မူရင်း Animation ကားဟောင်းလေးကို မှတ်မိကြဦးမှာပါ။ မိုတိုနူအီကျွန်းလေး ပျက်စီးမဲ့ဘေးကနေ ကယ်တင်ဖို သမုဒ္ဒရာရဲ့ ရွေးချယ်ခြင်းခံရတဲ့ မိုအားနားလေး ရွက်လွှင့်ထွက်ခွာခဲ့ပုံ၊ မာဝီကြီးနဲ့အတူ တေဖီတီရဲ့ နှလုံးသားကျောက်မျက်ကို ပြန်လည်အပ်နှင်းပြီး ပင်လယ်ပြင်ကြီးကို ကယ်တင်ခဲ့ကြတဲ့ စွန့်စားခန်းက ကလေးလူကြီးမရွေး ရင်ထဲ စွဲကျန်ခဲ့တာ အမှန်ပါပဲ။
အခု ၂၀၂၆ မှာတော့ အဲဒီဒဏ္ဍာရီပုံပြင်လေးကို လူသားသရုပ်ဆောင်တွေနဲ့ အသက်သွင်းထားတဲ့ Live-Action အဖြစ် ခမ်းခမ်းနားနား ပြန်လည်မြင်တွေ့ရပါပြီ။
ဒီကားမှာ အဓိကဇာတ်ကောင် မာဝီနေရာမှာတော့ တခြားသူအစားထိုးလို လုံးဝမရနိုင်တဲ့ မူရင်းအသံပိုင်ရှင် မင်းသားကြီး Dwayne “The Rock” Johnson ကိုယ်တိုင် အသွေးအသားအပြည့်နဲ့ ပြန်လည်ပါဝင်ထားတာမို သူ့ရဲ့ နာမည်ကျော် “You’re Welcome” သီချင်းသံနဲ့အတူ ကြွက်သားအပြည့် ဟာသအလွဲတွေကို အားပါးတရ မြင်တွေ့ရမှာပါ။ မိုအားနားနေရာမှာတော့ မျက်နှာသစ် မင်းသမီးချောလေး Catherine Laga’aia က အံဝင်ခွင်ကျ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းကတော့ မိုတိုနူအီကျွန်းပေါ်က ရွာသူကြီးရဲ့သမီးလေး မိုအာနာဟာ ကျွန်းပေါ်က သစ်ပင်တွေ သေဆုံးပြီး ငါးတွေ ရှားပါးလာတဲ့ ကပ်ဆိုးကြီးကနေ ကယ်တင်ဖို ပင်လယ်ပြင်ကြီးဆီ ခြေဆန့်ရာက စတင်ပါတယ်။
သမုဒ္ဒရာကြီးရဲ့ ရွေးချယ်ခြင်းခံရတဲ့ သူမဟာ ကျိန်စာဆိုးကြီးကို ဖယ်ရှားဖိုအတွက် နတ်ဘုရားတစ်ပိုင်း လူသားတစ်ပိုင်းဖြစ်တဲ့ မာဝီကို ရှာဖွေပြီး ပူးပေါင်းဖို ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ပင်လယ်ပြင်ရဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေ၊ မထင်မှတ်ထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်ရင်း ကိုယ့်ရဲ့ အစစ်အမှန်ဇစ်မြစ်ကို ရှာဖွေရမဲ့ ခရီးရှည်ကြီးတစ်ခု…
Disney ရဲ့ Live-Action ပီပီ သမုဒ္ဒရာပြင်ကျယ်ကြီးရဲ့ ရင်သပ်ရှုမောဖွယ် CGI Visual တွေ၊ ပိုလီနီးရှန်းရိုးရာ ယဉ်ကျေးမှုအငွေ့အသက်တွေနဲ့ နားထဲမှာ စွဲကျန်ရစ်စေမယ့် ဂန္တဝင်သီချင်းသံစဉ်တွေက မျက်စိရော နားပါ အေးချမ်းသွားစေမှာ အသေအချာပါပဲ။
Animation တုန်းက အရသာကို လူသားတွေရဲ့ သရုပ်ဆောင်ချက်နဲ့ ပိုမိုနက်နဲစွာ ခံစားချင်သူတွေ၊ မိသားစုနဲ့အတူ စိတ်အပန်းပြေပြေ ရယ်မောရင်း ပင်လယ်လေရှူချင်တဲ့ ပရိသတ်ကြီးအတွက် လုံးဝ လုံးဝလက်မလွှတ်သင့်တဲ့ Adventure Fantasy ကားကောင်းလေးဖြစ်လို ခုပဲ စီးမျောခံစားလိုက်ကြပါဦးစို။
Genre ….. Adventure Comedy, Family, Fantasy
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.06GB / 2.19GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| FHD 1080p | TeraBox | 2.19GB | 1 | |
| HD 720p | TeraBox | 1.06GB | 1 | |
| HD 720p | StreamHG | 1.06GB | 3 | |
| FHD 1080p | Megaup | 2.19GB | 5 | |
| HD 720p | Megaup | 1.06GB | 5 | |
| FHD 1080p | Telegram | 2.19GB | 6 | |
| HD 720p | Telegram | 1.06GB | 5 | |
| FHD 1080p | Yoteshinportal | 2.19GB | 6 | |
| HD 720p | Yoteshinportal | 1.06GB | 5 |