
T_h-e E-n_d O-f O_a-k S-t_r-e_e-t (2-0-2-6)
===================================
IMDB ⭐️ 6.5/10
“အချိန်ကာလတွေပြိုကွဲပြီး ကိုယ့်အိမ်ရှေ့လမ်းမထက်မှာ ဒိုင်နိုဆောတွေ ရောက်လာတဲ့အခါ… ပြေးဖိုနေရာမရှိတော့ဘူး”
ကဲ… Sci-Fi Survival ရုပ်ရှင်ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက် Jurassic Park တိုလို ဒိုင်နိုဆောကား Vibe မျိုးကို 80s ခေတ် နောက်ခံလေးနဲ့ အမိုက်စားဖန်တီးထားတဲ့ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။
ဒီကားမှာ အားလုံးရဲ့အချစ်တော် မင်းသမီးချောကြီး Anne Hathaway နဲ့ နာမည်ကျော်မင်းသားကြီး Ewan McGregor တိုက ခေါင်းဆောင်ပါဝင်ထားပြီး “It Follows” ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Robert Mitchell ရဲ့ အသစ်စက်စက် လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ၈၀ ပြည့်လွန်နှစ်တွေရဲ့ သာယာအေးချမ်းတဲ့ Oak Street ဆီမှာ အခြေတည်ထားပါတယ်။ စာရေးဆရာမဖြစ်ချင်တဲ့ ဒန်နိစ်နဲ့ ခင်ပွန်းဖြစ်သူ ဂရက်ဂ်တို မိသားစုဟာ သာမန် ဆင်ခြေဖုံးရပ်ကွက်လေးမှာ အေးအေးဆေးဆေး နေထိုင်နေကြသူတွေပါ။
ဒါပေမဲ့ သာယာလှတဲ့ မနက်ခင်းလေးတစ်ခုမှာတော့ မထင်မှတ်ထားတဲ့ အာကာသဖြစ်စဉ်ကြီးတစ်ခုကြောင့် သူတိုရဲ့ရပ်ကွက်ကြီးတစ်ခုလုံးဟာ အချိန်ကာလတွေ ပြိုကွဲပြီး သမိုင်းမတင်မီ Mesozoic ခေတ်ဆီကို အရောက်ပိုခံလိုက်ရပါတော့တယ်။
ယုံနိုင်စရာမရှိအောင်ပဲ… အိမ်ရှေ့တံခါးကို ဖွင့်လိုက်တာနဲ့ ဒိုင်နိုဆောမျိုးစုံ ကျက်စားနေတဲ့ တောနက်ကြီးဖြစ်နေတဲ့အခါ…
ခေတ်မီလက်နက်တွေ ဘာမှမရှိတဲ့ သာမန်မိသားစုလေးတစ်စုဟာ ဆာလောင်မွတ်သိပ်နေတဲ့ သမိုင်းမတင်မီက သားရဲတွေကြားထဲမှာ ဘယ်လိုအသက်လုရမလဲ။ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်သစ်မှာ သူတိုမိသားစု ရှင်သန်နိုင်ပါ့မလားဆိုတာ ရင်တမမနဲ့ ရှုစားရမယ့် “Survival Horror” ဇာတ်ကားကောင်း တစ်ကားပါပဲ။
CGI အမိုက်စားတွေနဲ့ ဒိုင်နိုဆောတွေရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်သလို၊ သားရဲတွေကြားက မိသားစုမေတ္တာကိုပါ ထိထိမိမိ ရိုက်ပြထားတာမိုလို့ Action Sci-Fi ကားကြိုက်သူတွေ လုံးဝ လက်မလွတ်တမ်း ဒေါင်းကြည့်လိုက်ကြဖို တိုက်တွန်းချင်ပါတယ်။
Genre ….. Mystery, Sci-Fi, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 833.42MB / 1.83GB
Review ….. Venus
Translator ….. Venus
Encoder ….. SNNT
Rainbow Channel