
A_w-a_r-a_p-a_n 2 (2-0-2-6)
=======================
IMDB ⭐️ 6.4/10
“လူမိုက်တစ်ယောက်ကို အချစ်က ပြောင်းလဲပေးနိုင်ပေမဲ့၊ အဲဒီအချစ်ကို ဆုံးရှုံးလိုက်ရတဲ့အခါ… သူ့ကို ဘယ်အရာကမှ ပြန်မတားနိုင်တော့ဘူး”
Emraan Hashmi ဖန်တွေ၊ Action Romance အကြမ်းစားလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ၂၀၀၇ တုန်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Awarapan ရဲ့ နောက်ဆက်တွဲ Awarapan 2 ထွက်ရှိလာပါပြီ။
ရှေ့ကားလေးကို နည်းနည်း ပြန်နွှေးရရင်…
Awarapan (2007) တုန်းက လူမိုက်ကြီး ရှီဗန်ဟာ အာလီယာဆိုတဲ့ ကောင်မလေးကို ချစ်မိသွားပြီးနောက်မှာ လူကောင်းတစ်ယောက်ဖြစ်ဖို ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အာလီယာ သေဆုံးသွားတဲ့အခါမှာတော့ ရှီဗန်ရဲ့ ဘဝဟာ အမှောင်ကျသွားပြီး အရာအားလုံးကို စွန့်လွှတ်လိုက်တဲ့အကြောင်း ရင်နင့်စရာ ရိုက်ပြထားခဲ့တာပါ။
အခု Awarapan 2 မှာတော့ အာလီယာ သေဆုံးသွားပြီး နှစ်ပေါင်း ၂၀ လောက်အကြာမှာ ဇာတ်လမ်းကို ပြန်စထားပါတယ်။
ရှီဗန် (Emraan Hashmi) ဟာ လူမိုက်ဘဝကနေ အနားယူပြီး အာလီယာရဲ့ အုတ်ဂူလေးကို အဖော်ပြုရင်း အထီးကျန်ဆန်ဆန် ဖြတ်သန်းနေတာပါ။ တစ်နေ့မှာတော့ စွန့်ပစ်ခံထားရတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး သူ့ရဲ့ချစ်သူနာမည် ‘အာလီယာ’ ဆိုပြီး နာမည်ပေးကာ မွေးစားလိုက်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်လေးဖြစ်တဲ့ အဲဒီကလေးမလေး ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ…
ကလေးကို ပြန်ရှာဖိုအတွက် ဘန်ကောက်မြိုက ကလေးသူငယ်မှောင်ခိုဂိုဏ်းတွေဆီကို ရှီဗန်တစ်ယောက် ခြေစုံပစ် ဝင်သွားပါတော့တယ်။ ဒီလိုနဲ့ အမှုစုံစမ်းရင်း သူ့မိသားစုရဲ့ ရာဇဝတ်မှုတွေကို မလိုလားဘဲ အော်တစ်ဇင်ဖြစ်နေတဲ့ မောင်လေးကို ကာကွယ်ပေးနေတဲ့ ဂီတဝါသနာအိုး ဇာရာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့လာတဲ့အခါ…။
အကြင်နာတရားခေါင်းပါးနေတဲ့ ရှီဗန်ရဲ့ ရင်ထဲမှာ ဇာရာကပဲ ငြိမ်းချမ်းမှုတွေ ပြန်ပေးနိုင်မလား။ ကလေးကိုရော အချိန်မီ ပြန်ကယ်နိုင်မလားဆိုတာ ရင်တမမနဲ့ ရှုစားကြရမှာပါ။
ဒီကားမှာ Emraan Hashmi, Disha Patani နဲ့ မင်းသမီးကြီး Shabana Azmi တို အဓိက ပါဝင်ထားပြီး ဘောလိဝုဒ်ရဲ့ ထုံးစံအတိုင်း သီချင်းမိုက်မိုက်တွေ၊ အက်ရှင်ခန်း ကြမ်းကြမ်းတွေနဲ့ အချစ်ဒရာမာကို အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်လို အခုပဲ ဒေါင်းကြည့်လိုက်ကြပါဦး။
Genre ….. Action, Drama, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.05GB / 2.15GB
Review ….. Venus
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel
=