
Portrait of a Family (2026)
======================
IMDB ⭐️ 6.2/10
ဘဝရဲ့ အမြင့်ဆုံး အထွတ်အထိပ်ကနေ အောက်ဆုံးအထိ တစ်ခဏအတွင်း ပြုတ်ကျသွားခဲ့ရင်..
အရာအားလုံး ပြိုလဲသွားချိန်မှာ မိသားစုဆိုတဲ့ နာမည်နဲ့ ပြန်လည်ရုန်းထဖို့ ကြိုးစားမဲ့ ဒရာမာ ရုပ်ရှင်သစ်..
ကိုယ့်ဘက်မှာ ဘယ်သူမှ မရှိတော့တဲ့အချိန် အဆုံးထိ လက်တွဲပေးထားမဲ့ မိသားစုတစ်ခု ရှိနေသေးတဲ့အခါ..
ရင်ထဲ နင့်ခနဲ ခံစားရစေမဲ့ Family Crime Drama ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် Miss Baek ရုပ်ရှင်နဲ့ ဆုတွေအများကြီး ရရှိခဲ့တဲ့ ဒါရိုက်တာ Lee Ji Won ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Extreme Job၊ Miracle in Cell No. 7 တို့ထဲက ဝါရင့်မင်းသားကြီး Ryu Seung Ryong နဲ့အတူ Empress Ki၊ Secret Garden တို့ရဲ့ ထိပ်တန်းမင်းသမီး Ha Ji Won တို့အပြင် Miss Baek ထဲက ကလေးသရုပ်ဆောင် Kim Si A နဲ့ နာမည်ကြီး သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။
နာမည်ကြီး ဘေ့စ်ဘော ကစားသမား ဂျွန်းဂူနဲ့ နာမည်ကျော် မင်းသမီး နမ်မီတို့ဟာ အားလုံးက အားကျရတဲ့ ဇနီးမောင်နှံတွေ ဖြစ်ခဲ့ကြပေမဲ့ မထင်မှတ်ထားတဲ့ သမီးလေး ဒုံဂျူ ရုတ်တရက် ရောက်ရှိလာခြင်းနဲ့အတူ ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ရပါတယ်။
(၈) နှစ်တာ ကာလပတ်လုံး အလွမ်း၊ အမုန်းတွေနဲ့ ကွဲကွာနေခဲ့ကြရပြီးနောက် တစ်နေ့မှာတော့ အလယ်တန်းကျောင်းသူတစ်ဦး သေဆုံးမှုမှာ သမီးဖြစ်သူ ဒုံဂျူက သံသယရှိသူအဖြစ် မတရား စွပ်စွဲခံလိုက်ရချိန်..
လောကကြီးရဲ့ ပြစ်တင်ရှုတ်ချမှုတွေကြားကနေ သမီးလေးရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ အရာအားလုံး ဆုံးရှုံးထားရတဲ့ မိသားစုက အတူတကွ ပြန်လည်ရပ်တည်လာရတဲ့အခါမှာတော့..
နာကျင်စရာ ဘဝလက်တွေ့ မွန်းကျပ်မှုတွေကြားက မိသားစုမေတ္တာရဲ့ တန်ဖိုးကို မျက်ရည်ဝဲအောင် ခံစားရင်း တစ်ကားလုံး မျောပါသွားစေမဲ့ ဒီ Family Noir ရုပ်ရှင်ကားသစ်လေးကို အခုပဲ တင်ဆက်ပေးလိုက်ပါတယ်နော်။
Genre ….. Crime
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1GB / 2.1GB
Review ….. Bom
Translator ….. Bom
Encoder ….. Ray
Rainbow Channel