
The Paradise (2026) Telugu
===================
IMDB ⭐️ 6.9/10
“နာမည်ကသာ Paradise … တကယ်တမ်း ရှင်သန်နေရတာကတော့ အရှင်လတ်လတ် ငရဲပြည်”
“တိုင်းပြည်က လွတ်လပ်ရေးရသွားပေမဲ့… ငါတို့ရဲ့ ဘဝတွေကတော့ ကျွန်သဘောက်ဘဝကနေ မလွတ်မြောက်နိုင်သေးဘူး”
တောင်ပိုင်းအက်ရှင်ကား အကြမ်းစားကြီးတွေကိုမှ ခိုက်တဲ့ ဘော်ဒါတို့အတွက် “Dasara” တုန်းက အတွဲညီခဲ့ကြတဲ့ Natural Star မင်းသားကြီး Nani နဲ့ ဒါရိုက်တာ Srikanth Odela တို့ ပြန်လည်ပူးပေါင်းပြီး “Dasara ထက် အဆ ၁၀၀ ပိုကြမ်းမယ်” လို့ ကြွေးကြော်ထားတဲ့ “The Paradise” အက်ရှင်ဒရာမာ ကားသစ်ကြီး ထွက်ရှိလာပါပြီခင်ဗျာ။
ပုံမှန်ဆို မိသားစုဒရာမာလေးတွေ၊ ရိုမန်တစ်ကားလေးတွေမှာ အတွေ့များတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် Nani ကို ဒီကားမှာတော့ လုံးဝမထင်ထားတဲ့ အကြမ်းပတမ်း Look အသစ်၊ အရိုင်းဆန်ဆန် Aura အပြည့်နဲ့ မြင်တွေ့ရမှာပါ။
ဒါ့အပြင် ဝါရင့်မင်းသားကြီး Mohan Babu နဲ့ “Kill” ကားထဲက ဗီလိန်မင်းသား Raghav Juyal တို့ပါ အားဖြည့်ထားသလို၊ BGM ဘုရင်ရဲ့ တီးလုံးတွေနဲ့ဆိုတော့ ပွဲကတော့ ရှယ်ကြမ်းပြီသာ မှတ်လိုက်တော့ဗျာ။
ဇာတ်လမ်းကိုတော့ ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ဆီကွန်ဒရာဘတ်နားက “Paradise” လို့ခေါ်တဲ့ ဒေသလေးမှာ အခြေတည်ထားပါတယ်။
အဲဒီနေရာမှာ နိုင်ငံသားအဖြစ်တောင် အသိအမှတ်ပြုမခံရဘဲ အပယ်ခံဘဝနဲ့ နေထိုင်နေရတဲ့ လူဦးရေ ၅၀၀၀ လောက်ရှိတဲ့ ဆာဗရီဆိုတဲ့ မျိုးနွယ်စုလေးတစ်စု ရှိပါတယ်။
သူတို့တွေဟာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ မာလက်ရဲ့ လက်အောက်မှာ ကျွန်သာသာဘဝနဲ့ ဖိနှိပ်ခံနေရတာပေါ့။ ဒီလို မတရားမှုတွေကို ခေါင်းငုံ့မခံဘဲ ပထမဆုံး အသံထွက်ရဲခဲ့တဲ့ အမျိုးသမီးကတော့ ဆမ်မာကာပါ။
ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် “ဂျာဒယ်” ကတော့ ဆမ်မက်ကာရဲ့ သားပေါ့။ ဒါပေမဲ့ အကြောင်းတစ်ခုကြောင့် ဂျာဒယ်ဟာ အမေဖြစ်သူကို အရမ်းမုန်းတီးနေသလို၊ မာလက်က သူ့လက်ပေါ်မှာ အတင်းအကျပ် ထိုးပေးထားတဲ့ တက်တူးတစ်ခုကလည်း သူ့ရဲ့ နာကျည်းချက်တွေကို အမြဲတမ်း သတိပေးနေသလို ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့ မာလက်ထက်တောင် ပိုရက်စက်တဲ့ သားဖြစ်သူ ဗစ်ခရမ်က နိုင်ငံရေးလောကထဲ ဝင်ပြီး အာဏာထပ်ချဲ့ဖို့ လုပ်လာတဲ့အချိန်မှာတော့…
ဂျာဒယ်တစ်ယောက် သူ့လူမျိုးစုရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်မြောက်ရေးအတွက် အာဏာရှင်သားအဖကို ဘယ်လိုမျိုး သွေးသံတရဲရဲနဲ့ ပြန်လှန်တော်လှန်မလဲ… အမေဖြစ်သူကိုရော သူဘာလို့ ဒီလောက်ထိ မုန်းနေရတာလဲဆိုတာကိုတော့…
A Certificate ရထားတဲ့ ဇာတ်ကားပီပီ အသတ်အဖြတ်နဲ့ အက်ရှင်ခန်းတွေက လုံးဝ အကြမ်းစားဖြစ်သလို၊ Nani ကလည်း “အိန္ဒိယရဲ့ Mad Max” လို့ တင်စားထားလောက်အောင် သူ့ရဲ့ Swag တွေနဲ့ တစ်ကားလုံးကို သိမ်းပိုက်ထားတာမို့ အက်ရှင်ကြမ်းကြမ်း၊ ဇာတ်အိမ်မိုက်မိုက် ကြိုက်တဲ့ဘော်ဒါတွေ ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို့။
Genre ….. Action, Drama
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 1.80GB / 3.3GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel