
Sword & Silence (2026) ⚔️🔥
=========================
ရန်သူကို သတ်နိုင်ပေမဲ့ မဟာမိတ်ကို ယုံကြည်လို့မရတဲ့ စစ်ပွဲ.. နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်သူတွေ အသက်ပေးဆပ်ရမလဲ.. 👑
The Queen Who Crowns မင်းသား Lee Hyun-wook၊ Bloody Heart မင်းသားကြီး Jang Hyuk၊ Kim Kang-woo နဲ့ Park Sung-woong တို့လို ဝါရင့်သရုပ်ဆောင်တွေ စုံစုံညီညီ ပါဝင်ထားတဲ့ KBS ရဲ့ Historical War Drama ကားကြီး လာပါပြီ.. 🔥
ကိုရီးယားသမိုင်းရဲ့ သုံးနိုင်ငံခေတ်နှောင်းပိုင်းမှာ Silla၊ Goguryeo နဲ့ Baekje တို့အကြား နယ်မြေသိမ်းပိုက်ရေးနဲ့ အာဏာလုယူမှုတွေ ပြင်းထန်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ Silla မင်းသား ဂင်ဘော့မင် (Lee Hyun-wook) ဟာ ဖခင်ဖြစ်သူ ဂင်ချွန်းချူ (Kim Kang-woo) နဲ့ စစ်သူကြီး ဂင်ယူရှင်း (Park Sung-woong) တို့ရဲ့ အကူအညီနဲ့ နိုင်ငံကို ပေါင်းစည်းဖို့ ကြိုးပမ်းလာပါတော့တယ်။
တစ်ဖက်မှာလည်း Goguryeo ရဲ့ အင်အားကြီး စစ်ခေါင်းဆောင် ယွန်းဂယ်ဆိုမွန်း (Jang Hyuk) ရှိနေပြီး နိုင်ငံအသီးသီးရဲ့ ရည်မှန်းချက်တွေ၊ မဟာမိတ်ဖွဲ့မှုတွေနဲ့ သစ္စာဖောက်မှုတွေကြားမှာ စစ်ပွဲကြီးတွေ ဆက်တိုက်ဖြစ်ပွားလာပါတော့တယ်။
ဒါပေမဲ့ ရန်သူနိုင်ငံတွေကို အနိုင်ယူပြီးတဲ့နောက်မှာတောင် Silla အတွက် နောက်ထပ်ရင်ဆိုင်ရမဲ့ ရန်သူက မဟာမိတ်ဟောင်း Tang နိုင်ငံ ဖြစ်လာတဲ့အခါ.. ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ သုံးနိုင်ငံပေါင်းစည်းရေးအတွက် ဘယ်လိုတိုက်ပွဲဝင်ကြမလဲဆိုတာ.. ⚔️
စစ်ပွဲကြီးတွေ၊ နန်းတွင်းအာဏာပြိုင်ဆိုင်မှုတွေ၊ နိုင်ငံရေးလှည့်ကွက်တွေနဲ့ သမိုင်းထဲက သူရဲကောင်းတွေရဲ့ ရည်မှန်းချက်တွေကို အကြီးအကျယ် ရိုက်ကူးတင်ဆက်ထားတဲ့ Sword & Silence ကတော့ Historical Drama နဲ့ War Strategy ဇာတ်လမ်းတွေ ကြိုက်သူတွေအတွက် လက်မလွတ်သင့်တဲ့ ကားကြီးတစ်ကားမို့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း စောင့်ကြည့်လိုက်ကြရအောင်ပါနော်.. ❤️🔥
Genre ….. Action, Adventure, War, Politics
Quality ….. 720P / 1080P WEB-DL (H264)
File Size ….. 600MB / 1.2GB
Episode ….. 28
Network ….. KBS2
Review ….. Bom
Translator ….. RMC K Team
Encoder ….. Ray
Rainbow Channel