
A_n-b_i-l A-v_a-n (2-0-2-6) Tamil
==========================
IMDB ⭐️ 9.6/10
“ကိုယ်ချစ်ရတဲ့သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးဖို ဝယ်လိုက်တဲ့ အိမ်လေးက… အသက်လုရမဲ့ ငရဲခန်းဖြစ်သွားတဲ့အခါ”
Romance နုနုရွရွလေးနဲ့ စပြီး… တဖြည်းဖြည်းချင်း သွေးဆူစရာ Survival Action Thriller အဖြစ် ပြောင်းလဲသွားမဲ့ ၂၀၂၆ ထွက် တမီးလ်ကားသစ်ကြီး “Anbil Avan” ကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
ဒီကားမှာတော့ Green-flag မင်းသားချော Ashok Selvan နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး Preity Mukhundhan တိုက ခေါင်းဆောင်ပါဝင်ထားပြီး ဝါရင့်မင်းသမီးကြီး Revathi လည်း အားဖြည့်ထားပါတယ်။
ဇာတ်လမ်းလေးကတော့… ၇ နှစ်ကြာ ချစ်ကြိုက်ခဲ့ကြပြီး မိဘတွေသဘောမတူတဲ့ကြားက လက်ထပ်ခဲ့ကြတဲ့ ဆူရီယာ (Ashok Selvan) နဲ့ အီယယ် (Preity Mukhundhan) တို ဇနီးမောင်နှံကနေ အစပျိုးထားပါတယ်။
နှစ်ယောက်လုံးက ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ အလုပ်လုပ်နေကြပေမဲ့ မြိုပြရဲ့ မွန်းကြပ်တဲ့ ဝန်ထမ်းဘဝကို စိတ်ကုန်လာကြတာပေါ့။
အဲဒီမှာ ဆူရီယာက သူ့ဇနီးလေးရဲ့ တစ်သက်တာအိပ်မက်ဖြစ်တဲ့ “သစ်ပင်ပန်းမန်တွေနဲ့ အေးချမ်းတဲ့ Vintage Homestay လေးတစ်ခု” ဖွင့်ပေးဖိုအတွက် ရှိစုမဲ့စု စုဆောင်းငွေတွေအကုန်ပုံအောပြီး တောင်ပေါ်မြိုလေးတစ်မြိုကို ပြောင်းရွှေ့လာကြပါတော့တယ်။
ကံကောင်းချင်တော့ မိဖုရားဟောင်းတစ်ပါး (Revathi) ဆီကနေ ရှေးဟောင်းဘန်ဂလိုအိမ်ကြီးတစ်လုံးကို ဝယ်ခွင့်ရလိုက်ပြီး သူတိုရဲ့ အိပ်မက်ဘဝလေး စတင်ဖို ပြင်ဆင်နေတုန်း…
မထင်မှတ်ဘဲ ဒေသခံ အာဏာရှင် MLA အမတ်၊ အကျင့်ပျက်ရှေ့နေနဲ့ လာဘ်စားတဲ့ ရဲအရာရှိတို ပူးပေါင်းထားတဲ့ ဒုစရိုက်ကွန်ရက်ကြီးနဲ့ သွားငြိမိကြပါတော့တယ်။
အေးအေးဆေးဆေး နေချင်လို တောင်ပေါ်တက်လာတဲ့ လင်မယားနှစ်ယောက်… ဘယ်သူ့ကိုမှ အားကိုးလိုမရတော့တဲ့ အခြေအနေမှာ သူတိုရဲ့ အိပ်မက်အိမ်လေးက ထောင်ချောက်တစ်ခုလို ဖြစ်လာတဲ့အခါ…
တစ်သက်လုံး အေးအေးဆေးဆေးနဲ့ သည်းခံတတ်တဲ့ ဆူရီယာတစ်ယောက် သူချစ်ရတဲ့ဇနီးနဲ့ သူတိုရဲ့ အိမ်လေးကို ကာကွယ်ဖိုအတွက် လူဆိုးတပ်ဖွဲကြီးကို တစ်ကိုယ်တော် ဘယ်လိုပြန်လည်တုံပြန်သွားမလဲ…။
အစပိုင်းမှာ ချစ်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ Romantic Vibe လေးကို ခံစားရမှာဖြစ်ပြီး၊ ဒုတိယပိုင်းရောက်တာနဲ့ “Varathan” တိုလို Home Invasion Survival Thriller အကြမ်းစားအဖြစ် ဇာတ်ရှိန်တက်သွားမှာမို Romance ရော Action Thriller ရော တစ်ကားတည်းမှာ အဝကြိတ်ချင်သူတွေအတွက် ခုပဲ ရှုစားလိုက်ကြပါဦးစို။
Genre ….. Romance, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.27GB / 2.36GB
Review ….. Venus
Translator ….. RMC Team
Encoder ….. SNNT
Rainbow Channel