
Breeder(2026)
============
IMDB ⭐️ 6.5/10
သားဖောက်သူ
ရပ်ဆဲလ်ဟာ ပျားတွေရဲ့ မျိုးရိုးဗီဇကို ပြုပြင်ပြီး ဂေဟ စနစ်ကို ထိန်းသိမ်းမဲ့ ပရောဂျက် တစ်ခုကို လုပ်နေတဲ့သူပါ။ ပရောဂျက်ကို အာရုံစိုက်နိုင်ဖို့ ကျောင်းကနေ နုတ်ထွက်ခဲ့ပေမဲ့ PhD မရှိတာကြောင့် သူ့ပရောဂျက်အတွက် ရင်းနှီး မြုပ်နှံသူ ရှာမတွေ့ ဖြစ်နေပါတယ်။
တစ်ရက်မှာတော့ ခွေးမွေးမြူရေးသမားတစ်ယောက်က ရပ်ဆဲလ်ရဲ့ ပရောဂျက်ကို ငွေကြေး ထောက်ပံ့ပေးမယ်လို့ ကမ်းလှမ်း လာခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ သူ့ပရောဂျက်ကို ကူညီပေးဖို့ ပြောခဲ့ပါတယ်။
တကယ်တော့ အဲဒီလူက ဉာဏ်ရည်မြင့် ခွေးတွေကို မွေးမြူတဲ့သူ ဖြစ်ပြီး အခုတော့ ဉာဏ်ရည်မြင့် လူသားတွေကို သားဖောက်ချင်ပါတယ်တဲ့။
စပျစ်သီး မကောင်းဘဲနဲ့ ဝိုင်ကောင်း မရနိုင်တာကြောင့် သူက ရပ်ဆဲလ်ရဲ့ မျိုးဗီဇကို လိုချင်နေခဲ့တာပါ။
တိရစ္ဆာန်လေးတွေကို မျိုးဗီဇ ပြုပြင်ပြောင်းလဲတာက သိပ်ပြဿနာ မရှိသေးပေမဲ့ လူသားတစ်ယောက်ကို ပြုပြင်တာကတော့ စဉ်းစားကြည့်ရင် အဆုံးမရှိတဲ့ ချောက်နက်ကြီးပါပဲ။
လူ့ခန္ဓာရဲ့ အခြေခံအကျဆုံး မျိုးဗီဇကို ထိန်းချုပ်ပြီး စက်ရုပ်တွေလို ပိုသာ၊ပိုကောင်းတဲ့ ပုံစံတူ ဗားရှင်းတွေနဲ့ ကမ္ဘာကြီးကို ပရိသတ်ကြီး ဘယ်လို မြင်ပါသလဲ။
ဘယ်သူကတော့ အသက်ရှင်သင့်ပြီး ဘယ်သူကတော့ ချို့ယွင်းချက်ကြောင့် သေသင့်တယ် ဆိုတာကို ကျွန်တော်တို့ထဲက ဘယ်သူ့ဆီမှာများ ဆုံးဖြတ်ပိုင်ခွင့် ရှိပါသလဲ။
Genre ….. Horror, Thriller
Quality ….. 720P / 1080P WEB-DL AAC 5.1 (HEVC)
File Size ….. 687.14MB / 1.75GB
Review ….. Kera
Translator ….. Kera
Encoder ….. SNNT
Rainbow Channel