
Drishyam: The Conclusion (2026)
===========================
IMDb ⭐️ 7.6/10
လေးတန်းအောင် ရုပ်ရှင်ရုံပိုင်ရှင် VS ရဲတပ်ဖွဲ့ ဇာတ်သိမ်းပိုင်း
မိသားစုကို ကာကွယ်ဖို့အတွက် ဥပဒေနဲ့ ရဲတပ်ဖွဲ့တစ်ခုလုံးကို အကြိမ်ကြိမ် လှည့်စားနိုင်ခဲ့တဲ့ လေးတန်းအောင် ရုပ်ရှင်ရုံပိုင်ရှင် ဗီဂျေးရဲ့ ဉာဏ်ရည်ချင်း အားပြိုင်ပွဲကြီးဟာ အခုတစ်ခါမှာတော့ နောက်ဆုံးအဆင့် အဆုံးအဖြတ်ဆီ ရောက်ရှိလာခဲ့ပါပြီ
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အမှုကိစ္စတွေ ငြိမ်သက်သွားချိန်မှာ ဗီဂျေးတစ်ယောက် မိသားစုဘဝကို ပုံမှန်အတိုင်း ပြန်လည်တည်ဆောက်ရင်း သမီးကြီး အန်ဂျူးရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်နေခဲ့ပါတယ်။
ဒါပေမဲ့ သားဖြစ်သူ ဆမီးရ်အတွက် တရားမျှတမှု မရနိုင်လို့ စိတ်ဝေဒနာ ပြင်းထန်စွာ ခံစားနေရတဲ့ ဇနီးဖြစ်သူ မီရာဒက်ရှ်မူခေးကြောင့် ခင်ပွန်းဖြစ်သူ မဟေ့ရှ်ဟာ ဒီလူသတ်မှုကို ပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ ရဲတပ်ဖွဲ့ဟာ အရင်ကလို ပေါ့သေးသေး မဟုတ်တော့ဘဲ အမှုလိုက်တဲ့နေရာမှာ အလွန်ထက်မြက်ပြီး ရက်စက်တတ်တဲ့ မှုခင်းဌာနရဲ့ SP ရာဗီဆင်းတိုမာနဲ့ တရားခွင်မှာ တစ်ခါမှ မရှုံးဖူးတဲ့ နာမည်ကြီး ရှေ့နေကြီးတို့ နှစ်ဦးပေါင်းပြီး ဗီဂျေးကို အပြီးတိုင် ထောင်ထဲပို့ဖို့ ကျားကုတ်ကျားခဲ ကြိုးစားကြပါတော့တယ်။
ရဲစခန်းမြေကြီးထဲက DNA သက်သေတွေ၊ အစားထိုးလဲလှယ်ခဲ့တဲ့ အရိုးစုရဲ့ မူလပိုင်ရှင်ကို ခြေရာခံမိသွားတာတွေအပြင် ဆယ်ဂါအွန်ကာမိသားစုရဲ့ အိမ်နီးချင်းအဖြစ် နှစ်နှစ်လုံးလုံး အယောင်ဆောင် နေထိုင်ပြီး ခိုးယူမှတ်တမ်းတင်ထားတဲ့ အသံဖိုင်တွေပါ တရားရုံးကို ရောက်လာတဲ့အခါမှာတော့….
ထွက်ပေါက်အားလုံး ပိတ်ဆို့နေပြီး ကိုယ့်မိသားစုရဲ့ စကားတွေကပဲ ကိုယ့်ကို ပြန်ချည်နှောင်မယ့် အခြေအနေမှာ ဗီဂျေးတစ်ယောက် သူရေးသားထားတဲ့ ဇာတ်ညွှန်းအတိုင်း ရန်သူတွေကို ဘယ်လို တန်ပြန်ထောင်ချောက်ဆင် အနိုင်ယူသွားမလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Genre ….. Crime, Drama, Mystery, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.09GB / 2.22GB
Review ….. Justin
Translator ….. RMC Team
Encoder ….. Ray
Rainbow Channel