
Alienoid Return To The Future (2024)
ဒီတစ်ခါ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Action/Fantasy အမျိုးအစားဖြစ်တဲ့ Alienoid 2(2024) ပဲဖြစ်ပါတယ် Alienoid 1 မှာစခဲ့တဲ့ ဟာဘာပေါက်ကွဲမှုအတွက် အတိတ်ကို ပြန်သွားပြီး တားဆီးဖို့ ကြိုးစားခဲ့ကြတဲ့ လီအန်းနဲ့ Thunder တို့ကို Alienoid 2 မှာပြန်လည်တွေ့ရှိရမှာဖြစ်ပါတယ် လီအန်းတစ်ယောက် မှော်ဓါးကိုရှာရင်းနောက်ဆုံးမှာတော့ လက်ထဲရရှိခဲ့တဲ့အချိန် မူယော့တစ်ယောက်ကလည်း သူ့ခန္ဓာကိုယ်ထဲမှာ ဘာရှိနေလဲဆိုတာကို သိရှိခဲ့ပါပြီ မှော်ဓါးကို ရှာဖို့အသည်းအသန်ကြိုးစားနေကြတဲ့ဂျာဂျန်းတို့အုပ်စုကလည်း လီအန်းကို ရှာဖွေနေကြပါတယ် အတိတ်ခေတ်မှာ ဟာဘာပေါက်ကွဲမှုကို တားဆီးဖို့ကြိုးစားနေကြသလို ဒီဘက်ခေတ်မှာလည်း ဟာဘာပေါက်ကွဲမှုအကြောင်းကို ရဲတွေနဲ့အာဏာပိုင်တစ်ချို့ကလည်း စုံစမ်းစစ်ဆေးနေကြပါတယ် ဒီအချိန်အပိုင်းအခြားနှစ်ခုကြားမှာ လီအန်းတစ်ယောက် Thunder ကိုရှာပြီး အနာဂတ်ကိုပြန်သွားရင်း ဟာဘာပေါက်ကွဲမှုကို တားဆီးနိုင်မလား ဂျာဂျန်းတို့အုပ်စုကရော ဘယ်လိုတွေ အန္တရာယ်ပေးကြမလဲ မူယော့ကရော သူ့ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာတွေကို ရင်ခုန်စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်လို့ ခံစားကြည့်ရှုပေးကြပါဦး
Translated and Review By Rin
Encoded By N.A.S
712 total views , 1 views today