
Nothing Uncovered
၉၀နှစ်ဖွားပရိသတ်ကြီးတွေဆိုရင်သိကြမယ့် မင်းသမီး ကင်ဟာနူးလ်ရဲ့ ဇာတ်လမ်းတွဲသစ်တစ်ပုဒ်ဖြစ်တဲ့ Nothing Uncovered နဲ့တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးက လျှို့ဝှက်သည်းထိတ်ရင်ဖို အမျိုးအစား မှုခင်းဇာတ်ကားဖြစ်ပါတယ်။နာမည်ကြီးရုပ်သံသတင်းထောက်ဖြစ်တဲ့ Seo Jung-Won ဆိုတာ အရာရာလိုလေးသေးမရှိ ပြီးပြည့်စုံတဲ့ဘဝမျိုးနဲ့ ရှင်သန်နေထိုင်ခဲ့တဲ့သူပါ။ခင်ပွန်းဖြစ်သူ Seol Woo-Jae ဆိုကလည်း နာမည်ကြီးဝတ္ထုစာရေးဆရာဖြစ်ပြီး ချမ်းသာတဲ့မိသားစုကနေ ပေါက်ဖွားလာတဲ့သူပါ။ဒီလိုမျိုး အရာရာပြီးပြည့်စုံတဲ့ ဘဝထဲ မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုရောက်လာခဲ့ပါတယ်။ခင်ပွန်းဖြစ်သူ Seol Woo-Jae က အငယ်အနှောင်းထားပြီး ဖောက်ပြန်နေတာကိုသိလိုက်ရတဲ့အချိန် အငယ်အနှောင်းကလည်း ရုတ်တရက်ကြီးသေဆုံးသွားပါတယ်။အဲဒါအပြင် လူသတ်တရားခံအဖြစ်ပါ သံသယဝင်ခံရတဲ့ Seo Jung-Won တစ်ယောက် ရည်းစားဟောင်းဖြစ်ခဲ့တဲ့ စုံထောက် Kim Tae-Heon နဲ့ ဘယ်လိုမျိုး တရားခံအစစ်ကိုရှာဖွေမလဲဆိုတာ ထိတ်လန့်ဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။စုစုပေါင်း ၁၆ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဉ် တနင်္လာ၊အင်္ဂါနေ့တွေမှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။
Review By CL
Encoded By N.A.S