Ads
ads
ads

Video Sources 0 Views

  • Watch trailer
4 Tigers

4 Tigers

War erupts. The day the bandits unite.Oct. 23, 2025TH138 Min.NR
Your rating: 0
5 1 vote

Synopsis

4 Tigers (2-0-2-5)

IMDB ⭐️ 7.3/10

“ဥပဒေဆိုတာမရှိတဲ့ခေတ်မှာ… လူဆိုးတွေကို နှိမ်နင်းဖို့ ပိုဆိုးတဲ့လူမိုက်တွေ လိုအပ်လာတဲ့အခါ”

ထိုင်းအက်ရှင်ကား ကြမ်းကြမ်းရမ်းရမ်းတွေ မျှော်နေတဲ့ ဘော်ဒါတွေအတွက် “4 Tigers (2025)” ဆိုတဲ့ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။ ဒီကားကတော့ ထိုင်းရုပ်ရှင်လောကမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ “Khun Pan” စီးရီးရဲ့ Spin-off (သို့) အစပျိုးဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ရှေ့ကထွက်ခဲ့တဲ့ Khun Pan ကားတွေကို ကြိုက်တဲ့သူတွေဆိုရင် ဒီကားက လုံးဝ Must Watch ပါပဲ

ဒီကားမှာ ခေါင်းဆောင်မင်းသားတွေအနေနဲ့ မြန်မာပရိသတ်တွေရဲ့ အချစ်တော် Mario Maurer အပြင် မင်းသားကြီး Sukollawat Kanaros (Weir), Phakin Khamwilaisak (Tono) နဲ့ Arak Amornsupasiri (Pae) တို့လို နာမည်ကြီး မင်းသား ၄ ယောက်က အပြိုင်ကြဲထားတာဆိုတော့ Cast ပိုင်းကတော့ ပြောစရာမလိုအောင်ကို ရှယ်မိုက်နေပါပြီ။

ဇာတ်လမ်းကတော့ အလယ်ပိုင်းဒေသမှာ နာမည်ကြီးနေတဲ့ ဂန္တဝင် ဓားပြကြီး ၄ ယောက်ဖြစ်တဲ့ ဖိုင်း မဟေဆွမ် ဘိုင်နဲ့ ဒမ်တို့အကြောင်းကို သူရဲကောင်းဆန်ဆန် ရိုက်ကူးထားတာပါ။ ဒီဓားပြ ၄ ယောက်ဟာ နောင်တစ်ချိန်မှာ ခွန်ဖန်ရဲ့ အကြီးမားဆုံး ရန်သူတော်ကြီးတွေ မဖြစ်လာခင် အချိန်ကာလကို ပြန်ပြထားတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး စစ်ဦးစီးက ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်လာတဲ့အခါ… တိုင်းပြည်အတွက် ရိုစရင်ဆိုတဲ့ အမျိုးသမီးက ဒီဓားပြ ၄ ယောက်ကို စုစည်းပြီး လုပ်ကြံဖို့ တာဝန်ပေးပါတော့တယ်။ ပြဿနာက အဲဒီ ဓားပြ ၄ ယောက်က တစ်ယောက်နဲ့တစ်ယောက် လုံးဝ (လုံးဝ) မတည့်ကြတာပါပဲ။

သွေးသောက်ညီနောင်လို စည်းလုံးရမဲ့အစား မြင်တာနဲ့ ခွေးလိုကိုက်နေတဲ့ သူတို့ ၄ ယောက်ကြားက အလွဲအချော်တွေ၊ အကောက်ကြံမှုတွေနဲ့အတူ ဂါထာမန္တာန်တွေ၊ အောက်လမ်းပညာတွေသုံးပြီး အက်ရှင်ခန်းတွေကို ဟာသလေးနှောကာ (Action/Comedy) ပုံစံမျိုး ရိုက်ပြထားပါတယ်။

“လူမိုက်ဆိုတာ စကားအများကြီး ပြောမနေဘူး… သေနတ်နဲ့ အရင်ပစ်တယ်” ဆိုတဲ့ Vibe မျိုးနဲ့ ကျည်ဆန်တွေကြားကနေ ဘယ်လို ပူးပေါင်းပြီး အာဏာရှင်ကို ဖြုတ်ချမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ Rating အနေနဲ့ 7.3/10 အထိ ရထားတာမို့ အက်ရှင်ကားကောင်း တစ်ကားရဲ့ အရသာကို အပြည့်အဝ ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

Genre ….. Action, Crime, Fantasy
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.28GB / 2.77GB
Review ….. Venus
Translator ….. Venus
Encoder ….. Ray

Rainbow Channel

ads
4 Tigers
4 Tigers
4 Tigers
4 Tigers
4 Tigers
4 Tigers
4 Tigers
4 Tigers
Original title เสือ
IMDb Rating 7.4 110 votes
TMDb Rating 5 2 votes

ads

Similar titles

Woongnami or Bear Man
Redux Redux
Ram Abdullah Antony
Murder Mubarak
Mass Jathara
Legasi: Bomba the Movie
Satyabhama
Thanal
Double iSmart
Yaksha: Ruthless Operations
Hierarchy
Babanbabanban Vampire

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On