Ads
ads
96 Minutes

96 Minutes

Sep. 05, 2025TW117 Min.NR
Your rating: 0
8 1 vote

Synopsis

9-6 M-i_n-u-t-e_s (2-0-2-5)

IMDB ⭐️ 6.9/10

ဒီကားကတော့ Keanu Reeves ရဲ့ နာမည်ကြီးကား “Speed” ကို ကျည်ဆန်ရထားဗားရှင်းနဲ့ ပြန်ကြည့်ရသလို ခံစားရမဲ့ ကားမျိုးပါပဲ။

ဇာတ်လမ်းကတော့… ထိုင်ပေ ကနေ ကောင်းရှုံကို ပြေးဆွဲတဲ့ ကျည်ဆန်ရထားတစ်စင်းအပေါ်မှာ အခြေတည်ထားပါတယ်။ ဒီခရီးစဉ်ဟာ ပုံမှန်အားဖြင့် ၉၆ မိနစ် တိတိ ကြာမြင့်ပါတယ်။

ဒီရထားနဲ့ဒီနေ့လိုက်ပါလာတဲ့လူတွေက သာမန်လူတွေမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်က ကုန်တိုက်မှာ ဗုံးအကြီးအကျယ်ပေါက်ကွဲပြီး သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကိုလာတဲ့ ရဲတွေနဲ့ နစ်နာသူ မိသားစုတွေပါလာတဲ့ရထား

ဒါပေမဲ့ ဒီခရီးစဉ်က သာမန်ခရီးစဉ်မဟုတ်တော့ပါဘူး။ ရထားစထွက်ပြီး မကြာခင်မှာပဲ ရထားပေါ်မှာ ဗုံးတစ်လုံး တပ်ဆင်ထားတယ်ဆိုတဲ့ သတင်းဆိုး ဝင်လာပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် ပေါက်ကွဲမှုက ဗုံးရှင်းလင်းရေးမှာပါခဲ့တဲ့ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူ ရဲဟောင်းတစ်ယောက်ဖြစ်တဲ့ မင်းသားစုန့်ခန်းရန့်ဟာလည်း ကံဆိုးစွာနဲ့ပဲ ဒီရထားပေါ်မှာ သူ့ရဲ့ ဇနီးသည် ရဲမေလေး၊ သူ့အမေတို့နဲ့အတူ လိုက်ပါလာခဲ့မိတဲ့အခါ

ပြဿနာက ဒီဗုံးဟာ ရထားရဲ့ အမြန်နှုန်းနဲ့ ချိတ်ဆက်ထားတာပါ။ ရထားရပ်လိုက်တာနဲ့ ဗုံးက ကွဲမှာဖြစ်သလို၊ သတ်မှတ်ထားတဲ့ ၉၆ မိနစ်အတွင်းမှာ ဗုံးကို မဖြုတ်နိုင်ရင်လည်း အားလုံး သေရမဲ့ အခြေအနေပါပဲ။

ဒါ့အပြင် ဒီဗုံးကိစ္စဟာ လွန်ခဲ့တဲ့ ၃ နှစ်က မင်းသား ကြုံတွေ့ခဲ့ရပြီး ကုန်တိုက်ပေါက်ကွဲမှုနဲ့လည်း ဆက်စပ်နေပြန်ပါတယ်။

မင်းသားအနေနဲ့ သူ့အတိတ်က အရိပ်မည်းကြီးကို ကျော်ဖြတ်ပြီး ရထားပေါ်က ခရီးသည် ရာပေါင်းများစွာရဲ့ အသက်ကို ၉၆ မိနစ်အတွင်း ကယ်တင်နိုင်ပါ့မလား… ဗုံးခွဲသမားကရော ဘယ်သူလဲ… ဆိုတာကို ရင်တမမ နဲ့ ကြည့်ရှုရမယ့် ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ရထားပေါ်က အကန့်အသတ်ရှိတဲ့ နေရာကျဉ်းကျဉ်းလေးမှာ အချိန်နဲ့အမျှ ပြေးနေတဲ့ Countdown ကြောင့် ကြည့်ရတာ အသက်ရှူမှားလောက်အောင် သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ vibe မျိုးရပြီး Hollywood ကားတွေလောက် CGI မမိုက်ရင်တောင်မှ ဇာတ်အိမ်တည်ထားပုံနဲ့ ရိုက်ချက်တွေက တော်တော်လေး သေသပ်ပါတယ်။

“Trolley Problem” လိုမျိုး လူနည်းစုကို စွန့်လွှတ်ပြီး လူများစုကို ကယ်တင်တာမှန်သလား။ ဒါပေမဲ့ မဖြစ်မနေ တစ်ခုကိုရွေးကိုရွေးမှရတော့မယ်ဆိုရင် သင်သာ အဲဒီနေရာမှာဆို ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတဲ့ moral dilemma လေး ထည့်ပေးထားတာမို့ ခုပဲရှုစားလိုက်ရအောင်ပါ။

Genre ….. Action, Crime
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.03GB / 2.72GB
Review ….. Venus
Translator ….. Venus
Encoder ….. N.A.S

Rainbow Channel

ads
96 Minutes
96 Minutes
96 Minutes
96 Minutes
96 Minutes
Original title 96分鐘
IMDb Rating 6.9 289 votes
TMDb Rating 7 2 votes

ads

Similar titles

Abroad
Master
Unstoppable
Operation Valentine
Hipak
Scream 7
Even If This Love Disappears Tonight
Real Fighter
Greenland 2: Migration
A Merry Little Ex-Mas
Bachhala Malli
Dirty Money

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On