Ads
ads
ads
Anaganaga Oka Raju

Anaganaga Oka Raju

Jan. 14, 2026India147 Min.NR
Your rating: 0
8 1 vote

Synopsis

A_n-a_g-a-n_a-g-a O-k_a R-a_j-u (2-0-2-6) Telugu

IMDB ⭐️ 7.5/10

တိုင်းပြည်မဲ့ ဘုရင်တစ်ပါးနဲ့ အငိုက်ဖမ်းမိဖုရားရဲ့ ဗရုတ်သုတ်ခဇာတ်လမ်း

ဟာသကားကောင်းကောင်း မျှော်နေတဲ့ တောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက် Jathi Ratnalu, Miss Shetty Mr Polishetty တိုနဲ့ ပရိသတ်တွေကို အူတက်အောင်ရယ်ရစေခဲ့တဲ့ မင်းသားချော Naveen Polishetty ရဲ့ အသစ်စက်စက် Comedy Entertainer ကားကြီး ထွက်ရှိလာပါပြီဗျာ။ ဒီကားမှာတော့ အချစ်တော်မင်းသမီးချောလေး Sreeleela နဲ့ အပြိုင်ကြဲ တွဲဖက်မြင်တွေ့ရမှာပါ။

“Anaganaga Oka Raju” ဆိုတဲ့ နာမည်က “ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးရှိသတဲ့” လို အဓိပ္ပာယ်ရပါတယ်။

ဒါပေမဲ့ ဇာတ်လိုက်ကျော်ကြီးက တကယ့်ဘုရင်မဟုတ်ဘဲ ရပ်ကွက်ထဲမှာ ဘုရင်တစ်ပါးလို ထင်ပေါ်ချင်၊ ဟိတ်ဟန်ထုတ်ချင်တဲ့ အထည်ကြီးပျက်လူငယ်လေး ရာဂျူး အကြောင်းပါ။

ရာဂျူးတို့က ဘိုးဘွားစဉ်ဆက် မျိုးကြီးရိုးကြီးပေမဲ့ အဘိုးလက်ထက်မှာတင် စည်းစိမ်တွေပြောင်သွားတဲ့အတွက် ရာဂျူးလက်ထပ်မှာတော့ နာမည်ကြီးဆိုတဲ့မျိုးရိုးနာမည်နဲ့ တစ်ချိန်ကထည်ဝါခဲ့ပေမဲ့ ခုချိန်မှာ ချွတ်ချုံကျ ပျက်စီးနေတဲ့ ခံတပ်ကြီးပဲရှိတော့တဲ့ အထည်ကြီးပျက်ပေါ့။

ဘဝမှာ ကြီးကြီးမားမား ရည်မှန်းချက်မရှိပေမဲ့ ရာဂျူးဟာ သူ့မင်္ဂလာဆောင်ကိုတော့ တစ်တိုင်းပြည်လုံး အံ့ဩသွားလောက်အောင် ကျင်းပမယ်ဆိုတဲ့ အိပ်မက်ကြီးရှိသူပါ။

ဒီလိုနဲ့ သူ့ရဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ရာကနေ မထင်မှတ်ထားတဲ့ ပြဿနာပေါင်းစုံနဲ့ တိုးပါတော့တယ်။

ဒီလို ဗရုတ်သုတ်ခ ပြဿနာတွေကြားထဲမှာ ရာဂျူးတစ်ယောက် ဘယ်လိုတွေ ဗျာများပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်မလဲဆိုတာကို ရယ်မောဖွယ်ရာ ရှုစားရမှာပါ။ Naveen ရဲ့ သဘာဝကျကျ အိုက်တင်တွေ၊ Punchline မိုက်မိုက်တွေနဲ့ ဒိုင်ယာလော့ခ်တွေက ဒီကားရဲ့ အသက်ပါပဲ။

Rom-Com အမျိုးအစား ပေါ့ပေါ့ပါးပါးနဲ့မို ပိတ်ရက်မှာ စိတ်ဖိစီးမှုတွေ အကုန်မေ့ပြီး အူတက်အောင် ရယ်ချင်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးဖြစ်ကြောင်း သတင်းကောင်းပါးရင်း အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ….. Comedy, Romance
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 1.58GB / 3.21GB
Review ….. Venus
Translator ….. RMC Team
Encoder ….. N.A.S

Rainbow Channel

ads
Anaganaga Oka Raju
Anaganaga Oka Raju
Anaganaga Oka Raju
Original title అనగనగా ఒక రాజు
IMDb Rating 6.9 743 votes
TMDb Rating 7.2 6 votes

ads

Similar titles

Rathnam
You Are the Apple of My Eye
Mr and Mrs Bachelor
Gold Rush Gang (2025)
20th Century Girl
Shifting Gears
Andhra King Taluka
Kung Fu Panda 4
Graduation Heist
Faster
Sore: Wife from the Future
Obsesyon

(1) comment

  • Thu Han 14.02.2026 Reply

    Mankatha 2011, Billa 2007, Billa 2 2012 နဲ့ Arrambam 2013 တင်ပေးပါလား

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On