Ads
ads

Video Sources 0 Views

  • Watch trailer
Blackout

Blackout

Jan. 27, 2026USA80 Min.NR
Your rating: 0
10 1 vote

Synopsis

B_l-a_c-k_o-u_t (2-0-2-5)

အမေရိကန်နဲ့ တရုတ်တို့ တတိယကမ္ဘာစစ်တကယ်ဖြစ်လာတဲ့အခါမှာ….

IMDB ⭐️ 5.2/10

တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုတဲ့သတင်းဟာ နှစ်တိုင်းကြားနေကျသာမန်သတင်းတစ်ခုလိုပဲ လူတွေအတွက် နားယဥ်နေတဲ့ကိစ္စတစ်ခုဖြစ်နေခဲ့တယ် တကယ်ဖြစ်လာလားဆိုတော့ ဖြစ်မလာခဲ့ပဲ နိုင်ငံရေး စီးပွားရေးလှည့်ကွက်တွေသာဖြစ်နေခဲ့တယ်

ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ ထိုင်ဝမ်နဲ့ တရုတ်အကြား တင်းမာမှုတွေက ပိုဆိုးရွားလာပြီး အမေရိကန်ရဲ့ဝင်စွက်ဖက်မှုက တရုတ်ကို လုံးဝထိခိုက်နစ်နာသွားစေတဲ့အခါမှာ တရုတ်ဘက်က တတိယကမ္ဘာစစ် နျူကလီးယားစစ်ပွဲကြီးကို စတင်လိုက်ပါတော့တယ်

နျူကလီးယားတွေ ပစ်လွှတ်ခံနေရပါပြီဆိုပြီး အမေရိကန်သတင်းဌာနတွေက အရေးပေါ်သတင်းကြေညာနေပေမဲ့ ပြည်သူတွေကတော့ ဒါဟာ မီဒီယာတွေရဲ့အလိမ်အညာစကားတစ်ခု နိုင်ငံရေးရဲ့လှည့်ကွက်တစ်ခုလို့ပဲမြင်ပြီး ခါတိုင်းလို ပေါ့ပျက်ပျက်ပဲ နေခဲ့ကြတယ်

ကမ္ဘာစစ်ကြီးဖြစ်နေပြီဆိုတဲ့သတင်းကိုကြားတဲ့တချို့တွေကတော့ ပြည်သူအချင်းချင်းရိုင်းပင်းဖေးမရမဲ့အစား လုယက်ကုန်ကြတယ် ပြည်သူ့စစ်တွေဖွဲ့ပြီး မြို့တွေကို အာဏာသိမ်းကြတယ် ပြည်ပရန်ကို စုပေါင်းကာကွယ်မဲ့အစား ကိုယ့်နိုင်ငံတွင်းထဲ ဒုက္ခလိုက်ပေးပြီး စည်းလုံးမှုပျက်ပြားနေခဲ့ကြပါတယ်

တကယ်တမ်း တရုတ်ဘက်က နျူကလီးယားတွေပစ်ချလိုက်ပြီး အမေရိကန်ပြည်ထောင်စုကြီးဟာ ပြာပုံထဲရောက်သွားတဲ့အချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ပြည်သူအချင်းချင်းလောဘမောဟတွေနဲ့ ဒုက္ခဆက်ပေးနေကြမလား စည်းလုံးဖို့အသိတရားဝင်လာနိုင်ကြပါ့မလားဆိုတာကို ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။

Genre ….. Action, Thriller
Quality ….. 720P / 1080P WEB-DL (HEVC)
File Size ….. 758.47MB / 1.43GB
Review ….. Khun
Translator ….. Khun
Encoder ….. SNNT

Rainbow Channel

ads
Blackout
Original title Blackout
IMDb Rating 7 28 votes
TMDb Rating 3 1 votes

ads

Similar titles

Werewolves
Space/Time
Death Whisperer 3
Sorop
Ruposh
The Piper
Now You See Me: Now You Don’t
Ayalaan
The Calling Witch
Hari Hara Veera Mallu: Part 1 – Sword vs Spirit
Vritta
My Date with a Vampire

Leave a comment

Name *
Add a display name
Email *
Your email address will not be published



Rainbow Movie Channel


Follow Us On