
Chhorii 2 (2025)
လွန်ခဲ့တဲ့ ၇ နှစ်က ယောက်ျားတစ်ယောက်ဟာ ကိုယ်ဝန်သည်ဇနီးဖြစ်သူ ဆာ့ခ်ရှီကို စိုက်ခင်းတွေအလယ်က သူ့ရဲ့ရွာကိုခေါ်သွားခဲ့ပါတယ်။ ဒီရွာမှာမိန်းကလေးမွေးရင် အမေရော၊ သမီးကိုပါ သတ်ပစ်တတ်တဲ့ဓလေ့ကြောင့် ဆာ့ခ်ရှီဟာ ဗိုက်ထဲကသမီးဖြစ်သူကိုကယ်တင်ဖို့ သူ့ယောက်ျားတို့မိသားစုကို သတ်ပစ်ခဲ့ရပါတယ်။ ဒါပေမဲ့ရဲတွေနဲ့အတူ ပြန်သွားရှာတဲ့အချိန်မှာတော့ အလောင်းတွေမရှိတော့တဲ့အတွက် အမှုကနေတရားသေလွတ်ခဲ့ပါတယ်။
အပေါ်မှာပြောပြသွားတဲ့ အကြောင်းအရာလေးကတော့ Chhorii 1 ဖြစ်ပြီး အခုဇာတ်ကားဟာ အဲဒီကားရဲ့တိုက်ရိုက်အဆက်ပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆာ့ခ်ရှီဟာ သူသွားရောက်အဖမ်းခံခဲ့တဲ့ရဲစခန်းက အရာရှိဆာမာရဲ့အိမ်မှာ သမီးလေးနဲ့အတူနေထိုင်နေခဲ့ပါတယ်။
သမီးဖြစ်သူအီရှာနီဟာ နေရောင်နဲ့အပြင်းအထန်ဓာတ်မတည့်တဲ့ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထဲမှာပဲထားပြီး ပိုးမွေးသလိုမွေးနေရတဲ့သမီးလေး တစ်ရက်မှာပျောက်ဆုံးသွားတဲ့အခါမှာတော့ အရာရှိဆာမာနဲ့ဆာ့ခ်ရှီတို့ သမီးဖြစ်သူကိုလိုက်ရှာဖို့ကြိုးစားရင်း အတိတ်ဟောင်းတွေကိုပြန်လည်တူးဆွဖို့ အကြောင်းဖန်လာပါတော့တယ်။
ဒီဇာတ်ကားက မနေ့ကမှထွက်ရှိထားတာဖြစ်ပြီး 1 တုန်းကလည်း လူကြိုက်များခဲ့တဲ့ horror ကားတစ်ကားဖြစ်တာမို့ အခုကားကိုလည်းကြိုက်ကြမှာအသေအချာပါပဲ။
Language: Hindi
Genre ….. Horror, Drama
Quality ….. 720P / 1080P 5.1 (HEVC)
Review ….. နံနံပင်
Translator ….. နံနံပင်
Encoder ….. N.A.S
Rainbow Channel
| Options | Quality | Server | Size | Clicks |
|---|---|---|---|---|
| HD 1080p | TeraBox | 2.32GB | 128 | |
| HD 720p | TeraBox | 1.19GB | 136 | |
| HD 1080p | StreamWish | 2.32GB | 135 | |
| HD 720p | StreamWish | 1.19GB | 153 | |
| HD 1080p | Telegram | 2.32GB | 135 | |
| HD 720p | Telegram | 1.19GB | 166 | |
| HD 1080p | GDToT | 2.32GB | 137 | |
| HD 720p | GDToT | 1.19GB | 116 | |
| HD 1080p | Yoteshinportal | 2.32GB | 138 | |
| HD 720p | Yoteshinportal | 1.19GB | 147 |
Chhorii 1 ရှာ လို့ မတွေ့ဘူးဗျာ။
Chhorii 1 ထပ် တင် ပေး ပါ အုန်း
Thanks “”Rainbow Movie””